After You Change (Ep 9)

7K 766 23
                                    

ညနေ JungKook အိမ်မှာ သောက်ကြစဥ်...

Hs- "TaeHyung က တနေကုန်ဖုန်းလဲဆက်လို့မရဘူး .."

YG - "မင်းကလဲ ပိုကိုပိုတယ်...တော်တော်ဖြစ်နေလား..."

"ဖြစ်တယ်ဖြစ်တယ် ဘာဖြစ်လဲ.."

"အဲ့လောက်ဖြစ်နေလဲ ဖွင့်ပြောပြီးတွဲလိုက်ပါလားကွာ...မင့်ဟာကလဲ..."

"အဲ့လောက်မလွယ်လို့ပေါ့ ဒါတွေ မင်းလို FA ကပြောလဲနားလည်မှာမှမဟုတ်တာ..."

JK - "မင်းတို့၂ကောင်လဲ နားကိုညည်းနေတာပဲ..."

JiMin ကတော့ HoSeok နဲ့ Yoongi စကားနိုင်လုတာကိုကြည့်ပြီး ရယ်နေခဲ့သည်... အဲ့လိုလေးပဲ ပြုံးနေပါ JiMinရယ်....မင်းဒီလိုပြုံးတာ မတွေ့တာတောင်ကြာခဲ့ပြီ.... ထိုအပြုံးလေးကို မေ့မျောစွာ ထိုင်ကြည့်နေမိသည်အထိ....

" JungKook-ah မင်းမျက်လုံးကြီး အရှေ့က beer ခွက်ထဲပြုတ်ကျတော့မယ် ..."

HoSeok ပြောလိုက်တဲ့ စကားကြောင့် JiMinမှာတော့ ပါးပြင်နှစ်ဖက်ရဲလာကာ ခေါင်းငုံထားမိသည်... အင်း ကြည်နူးပြီး ပြုံးမိနေတယ်ဆိုပိုမှန်မလားပဲ....

YG - " နောက်တပတ်ဆိုရင်တောင် ဘာလိုလိုနဲ့ပထမနှစ်တတ်ရတော့မှာပါလား "

JM - "အေးနော် အချိန်တွေကုန်တာမြန်လိုက်တာ..."

JK - "ဘာမေဂျာယူမယ်လို့စဥ်းစားထားကြလဲ ဘာမေဂျာယူချင်ကြတာလဲ..."

HS - "မေဂျာစိတ်ဝင်စားတာ မဝင်စားတာအရေးမကြီးဘူး အရေးကြီးတာတစ်ခန်းထဲကျဖို့ အဲ့တော့ အကုန်လုံးမေဂျာတစ်ခုထဲယူရမယ်.."

YG - " အဲ့တာတော့ ဟုတ်တယ် ..အကုန်လုံးအဆင်ပြေလောက်မယ့် မေဂျာကိုညှိယူကြမယ်..."

JK - " အော် သားတို့က ပါပါးနဲ့မခွဲချင်ဖြစ်နေကြတာလား ပါပါးလဲ သားတို့ကိုမထားသွားပါဘူး စိတ်ချပါ..."

" ချီး ကို ပါပါးလား..."

JK- "မင်းတို့သောက်နှင့် ငါသွားစရာရှိလို့ ပြန်လာခဲ့မယ်..."

JM- "ဘယ်သွားမလို့လဲ.."

"အော် အဖေ့ဆီပါ...HoSeok-ah မင်းခဏလိုက်ခဲ့ပါလား"

"ငါ??..အော် အေးသွားလေ ..."

***************************************

After You ChangeOù les histoires vivent. Découvrez maintenant