After You Change (Ep 1)

10.8K 976 6
                                    

"ဒီနေ့ကျောင်းစတတ်ရမှာပဲ...ကျောင်းမတတ်ချင်ဘူး ...Jin Hyung ကျွန်တော် ကျောင်းမတတ်ချင်ဘူး.."

"မတတ်ချင်လို့ဖြစ်မလား ပုကျိလေးရယ် Hyungကိုစိတ်မကောင်းဖြစ်အောင်လုပ်နေတာလား"

"Hyung ကိုစိတ်မကောင်းဖြစ်အောင်လုပ်တာမဟုတ်ရပါဘူး ဒီနေ့ကျောင်းသွားရင် ဘယ်သူတွေနဲ့ ဘယ်လိုရင်ဆိုင်ရဦးမလဲမသိဘူး ကျွန်တော်ကြောက်တယ် Hyung..."

"အော် ပုကျိလေးရယ် မကြောက်ပါနဲ့ Hyungရှိတယ်နော် အကယ်၍ကိစ္စတစ်ခုခုရှိရင် ချက်ချင်းဖုန်းဆက်လိုက်..နော် လိမ္မာတယ် ကျောင်းသွားဖို့သွားပြင်တော့..."

"ဟုတ် Hyung...."

**************************************
အခန်းရှေ့ရောက်တော့

"အခန်းထဲကိုဝင်ရင်ကောင်းမလား ဆရာလာမှဝင်ရမလား...ဟူး..."

JiMinတယောက် သက်ပြင်းရှည်တချက် ဆွဲချရင်း အခန်းထဲကိုအဝင်

"ဟေး အားလုံးတိတ်ကြ ဒီမှာ ငါတို့ရဲ့ တော်ဝင်ကြောက်ပန်းလေးလာနေပြီ..."

ထိုကျောင်းသားရဲ့စကားဆုံးတော့ အရင်နှစ်ကတူတူ တစ်ခန်းထဲတတ်ဖူးတဲ့ ကျောင်းသား/သူ တစ်ချို့ သူ့ကိုဝိုင်းရယ်ကြလေသည်

ဒီနှစ်လဲဒီလိုပါပဲလား ...ငါ့ကိုဝိုင်းပြီးလှောင်နေကြပြန်ပြီ....

ထိုအချိန်ဆရာရောက်လာကာ...

" အားလုံးတိတ်..ကျောင်းသားအသစ်ရှိတယ်...သား ကိုယ့်ကိုမိတ်ဆက်လိုက်ပါဦး.."

"ဟိုင်း ငါ့နာမည် Kim TaeHyung လို့ခေါ်တယ်..အားလုံးနဲ့ရင်းနှီးချင်ပါတယ်.."

သွားလေးစိပြီး လေးထောင့်ပုံစံအပြုံးလေးနဲ့ကောင်လေးတယောက်...

"TaeHyung ကနိုင်ငံခြားကနေကျောင်းပြောင်းလာတာဖြစ်တဲ့ အားလုံးကူညီပေးလိုက်ကြပါ...သားသွားဟို မျက်မှန်အဝိုင်းနဲ့ကောင်လေးဘေးနားသွားထိုင်..."

"ဟုတ်..."

ဆရာညွှန်ပြရာ မျက်မှန်နဲ့ကောင်လေးဘေးတွင် ဝင်ထိုင်လိုက်ပြီးနောက်...

"ဟိုင်း ငါ့နာမည်KimTaeHyung.. မင်းကကော.."

"ငါက Ji JiMin ပါ Park JiMin..."

After You ChangeWhere stories live. Discover now