After You Change (Ep 11)

6.4K 674 40
                                    

မနက်မိုးလင်းတော့...

HoSeok - JungKook-ah မင်းတို့ဘယ်မှာလဲ ..အိမ်မှာလဲမရှိဘူးဆို...

JungKook - ဘဟ်လိုလုပ်သိတာလဲ..

HoSeok - အခုလေးတင်မင်းအိမ်ကပြန်လာတာ...ဘယ်မှာလဲ အရေးကြီးလို့ဟ...

JungKook - အင်း ဟိုဟာ  xxxxx Hotel မှာ...

HoSeok - ငါလာပြီ...

တီ တီ တီ တီ...

JungKook - Bae Bae Bae ထတော့ ...

JiMin - ဟင် ဘာလို့လဲ အိပ်နေတာကို...

JungKook - ဟို၂ကောင်လာနေပြီတဲ့ ..ထ ...အကျီဝတ်ဦး...

JiMin - ဟမ် အင်း အင်း....

တင်း တောင်....

JungKook - လာ ဝင်...

Yoongi နဲ့ HoSeok အခန်းထဲဝင်လာလာချင်း JiMin ကိုတွေ့လိုက်တော့...

JiMin - ဟီး ရောက်လာပြီလား...

Yoongi - အော် HoSeok-ah ငါတို့တော့ ရောက်လာတဲ့အချိန်မှားပြီထင်တယ်ဟေ့..

JungKook - ဟာ ဘာတွေပြောနေတာလဲ...ပြောစရာရှိတာပြော...

HoSeok - TaeHyung ဆီသွားလည်ဖို့ကိစ္စ

JiMin - TaeHyung ဆီသွားလည်မယ်ဆိုတော့ TaeHyung ကဘယ်သွားလို့လဲ....

YoonGi - Yahhh JungHoSeok...

JungKook - HoSeok မင်းတော့လား...

HoSeok - ဟီး ယောင်သွားလို့...

JiMin - ကယ် ပြောပါ TaeHyung ဘယ်သွားလို့လဲလို့...

JungKook - ဟိုဟာ Americaပြန်သွားတာ ၂ရက်ရှိပြီ

JiMin - ဘာလို့ Baeကိုမပြောသွားတာလဲ...

JungKook - အဲ့တုန်းက Bae စိတ်ညစ်နေတာဆိုတော့ ပြောလိုက်ရင်စိတ်ညစ်သွားမှာစိုးလို့တဲ့ Baeကိုမပြောနဲ့လို့ ကိုယ့်ကိုပြောသွားလို့...

JiMin - အော် မတည့်တုန်းကလဲသူတို့ပဲ တည့်တော့လဲ Baeကိုတောင် လျို့ဝှက်ချက်တွေထားနေကြပြီ....

JungKook - စိတ်မဆိုးပါနဲ့ Baeရယ် နော် နော် ..." ဆိုပြီး JiMin နားကပ် နှုတ်ခမ်းလေးဆူကာချွဲနေတဲ့ JungKook ကိုကြည့်ပြီး YoonGi က HoSeok နားကပ်ကာ...

Yoongi - ဟျောင့် အဲ့ကောင်ဘာဖြစ်နေတာလဲ

HoSeok - မသိဘူး သူ့ကိုယ်လုံးမှအားမနာချွဲနေလိုက်တာများ ဝေါ့...

After You ChangeWhere stories live. Discover now