After You Change (Ep 4)

7.6K 887 26
                                    

"TaeHyung-ah ဘယ်မှာသွားစားမလို့လဲ..."

"ငြိမ်ငြိမ်လေးထိုင်နေ ငါစီစဥ်ပေးမယ်..."

"အေးပါ...ပြီးရော"

ခဏကြာတော့ ဟန်မြစ်ဘေးမှာ ကားရပ်လိုက်ကြပြီး ...

" မင်းပြောတော့ တော့ပိုကီသွားစားမယ်ဆို..."

"အေးလေ...ငါ ဒရိုင်ဘာကိုသွားဝယ်ခိုင်းထားတယ် လာပို့လိမ့်မယ်....မင်းဘာစားချင်သေးလဲ ...လုပ်ချင်တာအကုန်ပြော..."

" အွန်မ်.....တကယ်ပြောရမှာလား..."

"တကယ်ပေါ့ကွ..."

"အဲ့တာဆိုဒီနားလာ ...ငါအရက်သောက်ချင်တယ်.."

နားနားကပ်ပြီးပြောတော့ ရင်ဘတ်ကအရာလေးက ခုန်ဆွခုန်ဆွဖြစ်လာပြန်တယ်...TaeHyung လဲအလျင်အမြန်ထလိုက်ပြီး..

"အော် အေး ငါဖုန်းသွားဆက်လိုက်ဦးမယ်..." ပြောကာ JiMin အနားကထွက်လာပြီး

" ဟူး ဟူး TaeHyung စိတ်အေးအေးထား စိတ်အေးအေးထား သူကမင်းstyleမဟုတ်ဘူး စိတ်အေးအေးထား.."

ရင်ဘတ်လေးကိုဖိထားပြီး အရက်မှာဖို့ဖုန်းဆက်လိုက်သည်

"ဦးလေး soju နဲ့ မက်ဂျူလေးပါဝယ်ခဲ့ပေးပါ..."

ခဏနေတော့....

"ကယ် သောက်လို့ရပြီ သောက်..."

"အင်း ဒါနဲ့ ငါမင်းကိုမေးစရာရှိလို့.."

"ပြောလေ ဘာလဲ..."

" အဲ့ လူတွေက ဘာလုပ်နေကြတာလဲ "

JiMinလက်ညိုးညွှန်ပြရာကြည့်လိုက်တော့ သူတို့မလှမ်းမကမ်းကနေ ကွက်ချောင်းကွက်ချောင်းလုပ်နေတဲ့ သူတစ်ချို့ကိုတွေ့လိုက်ရသည်...

"ငါတကယ်ပြောပြရမှာလား ...အဲ့တာဆို နည်းနည်းသောက်ပြီးမှပြောမယ်...cheer.. sssအား မသောက်ရတာကြာလို့လားမသိဘူး ရှယ်ပဲ..."

"ဟုတ်ပ... ဒါနဲ့ ပြောပြဦးလေ"

"ဟူး သူတို့က ငါ့အဖေလွှတ်ထားတာ..."

"ဟင် အဲ့လူတွေအများကြီးကိုလေ...ဘာလုပ်ဖို့လဲ."

"ငါ့ကိုစောင့်ရှောက်ဖို့....ငါစိတ်ကျဥ်းကျပ်လို့ အနီးနားမှာမနေခိုင်းပဲ ခပ်လှမ်းလှမ်းကနေပဲစောင့်ကြည့်ခိုင်းထားတာ..."

After You ChangeWhere stories live. Discover now