အပိုင်း-၂

1.1K 143 8
                                    

Unicode

အခန်း-၁

အိပ်ဆောင်သည် ၀ါးကိုအများဆုံးသုံးကာဆောက်လုပ်ထားလေသည်။စာရေးစားပွဲ ၊
ကုတင်တို့ကိုလည်း ၀ါးဖြင့်ပြုလုပ်ထားကာ
ကုတင်နှစ်ခုကို နံရံတစ်ဖက်စီမှာကပ်ထားပြီး အလယ်တွင် စာရေးစားပွဲ နှစ်ခုကိုဘေးချင်းယှဥ်လျှက်ချထားသည်။

အခန်းက အရမ်းကျယ်တာမဟုတ်ပေမယ့် လူနှစ်ယောက်တော့အဆင်ပြေပြေနေနိုင်အောင် ကျယ်၀န်းတယ်။

အထုပ်အပိုးများနေရာချပြီးနောက်
ကိုယ်လက်သန့်စင်ရန်အတွက်
ရေချိုးဆောင်သို့ထွက်လာခဲ့ကြတော့ ညနေပင်စောင်းနေပြီ။

ရေချိုးရမည့်နေရာကို ဦးဆောင်ခေါ်လာတဲ့
ဂျီမင်းကိုကြည့်ရတာ ဂျယ်ဆောင်မြို့နှင့် အတော်ရင်းနှီးပုံရတယ်။

ကျောက်ဆောင်အမြင့်မှ စီးဆင်းလာတဲ့ ရေတံခွန်ကြောင့် ဖြစ်လာတဲ့ ရေကန်လေးဟာ ရေချိုးရုံသာမက ရေစိမ်လို့ပါရပြီး အတော်လည်း ကျယ်ဝန်းသည်။ သူတို့ရောက်သွားတော့ ရေချိုးနေသည့် လူတစ်ယောက်စနှစ်ယောက်စကို တွေ့ရတယ်။

"ဒီအချိန်ရေချိုးဆောင်မှာလူများနေမှာစိုးလို့
ဒီကိုခေါ်လာလိုက်တာ"

ဂျီမင်းက​ရှင်းပြတော့

"အရင်ကရောက်ဖူးလို့လား"

လို့နမ်ဂျွန်မနေနိုင်စွာ မေးမိတယ်။

"ကျွန်တော့ အစ်ကိုပြောပြလိုက်တာ"

ဂျီမင်းက ရေထဲကိုဆင်းနေရင်း ပြန်ဖြေတယ်။

"အား~အေးသွားတာပဲ နေလို့ကောင်းလိုက်တာ"

အအေးကြိုက်တဲ့ ထယ်ယောင်းဟာ
ဒီနေရာကို အတော်သဘောကျပုံရလေသည်။

"အစ်ကိုဟိုဆော့ ကျွန်တော် ခေါင်းလျှော်ပေးမယ်လေ"

"နေပါ ထယ်ယောင်းရယ် ခေါင်းလျှော်ပေးတာခံရအောင် ငါက ကလေးလား"

ထယ်ယောင်းကတော့ ဟိုဆော့စကားကို
မကြားဟန်ပြုကာဟိုဆော့ကျောဘက်တွင် နေရာယူလျှက်။

ဂျီမင်းကတော့တိတ်ဆိတ်စွာရေချိုးနေတယ်။ ခဏအကြာတွင်တော့ ဂျီမင်းတစ်ယောက်
ဘာစိတ်ကူးပေါက်သည်မသိ။

Beyond the Pain(Completed)Where stories live. Discover now