အပိုင်း-၃

796 115 17
                                    

Unicode

အခန်း-၁

"ရိုးသားမှုဖြင့် အောင်မြင်ရာ၏
ကြိုးစားမှုဖြင့် ပိုင်ဆိုင်ရာ၏....."

ဆရာကတက်ကြွစွာ သင်ကြားပေးနေသော်လည်း ခပ်လှမ်းလှမ်းမှာထိုင်နေသည့်
ဂျီမင်းမှာစိတ်၀င်စားပုံမရ။

စိတ်မ၀င်စားတဲ့ စာသင်ချိန်တွေမှာ
အိပ်ငိုက်တတ်တဲ့ ဂျီမင်းဟာ ဆရာတွေဘယ်တော့မှမရိပ်မိအောင်တော့ နေတတ်လေသည် ။

နမ်ဂျွန် သိသလောက် ဂျီမင်းထိုင်တဲ့နေရာကိုကြည့်ပြီး ဒီစာသင်ချိန်ကို စိတ်၀င်စားမှုရှိမရှိ ခွဲခြားလို့ရနိုင်တယ်။

ဥပမာ~ လောနီတိသင်ချိန်ဆို အိပ်ငိုက်တတ်တဲ့ဂျီမင်းဟာ ရှေ့ဆုံးအတန်းရဲ့
အစွန်မရောက်ခင်နေရာမှာ ထိုင်တတ်ပြီး
ဆရာ့နေရာကနေကြည့်ရင် ချယ်ရီပင်ကိုမြင်ရတဲ့ ရှုခင်းလှတဲ့ဘက်မှာ ဘယ်တော့မှမထိုင်တတ်ဘူး။သူစိတ်၀င်စားတဲ့ ပန်းချီအချိန်ဆို ရှေ့ဆုံးအတန်းရဲ့ အလယ်တည့်တည့်မှာထိုင်တယ်။

များသောအားဖြင့် ဆရာတွေဟာ နောက်ဆုံးတန်းကကျောင်းသားကို စာမေးလေ့ရှိတယ်၊
ရှုခင်းလှတဲ့ဘက်ကို အမြဲတမ်းနီးပါး ခေါင်းလှည့်တတ်တယ်။ဒီသဘောတရားကို နားလည်တဲ့ ဂျီမင်းဟာ အိပ်ငိုက်တာတောင် ဆရာတွေမသိအောင် နေရာရွေးတတ်လေသည်။

အခုလည်း နေရာမှန်ကိုရွေးကာ အိပ်ငိုက်နေလေတော့တယ်။

အခန်း-၂

နမ်ဂျွန်တို့ ဂျယ်ဆောင်ကိုရောက်လာတာ
တစ်လကျော်ပြီ။ အခုလဆိုရင် စာမေးပွဲတွေ ဖြေကြရတော့မယ်။

"ထယ်ယောင်းနဲ့ နမ်ဂျွန် ဒီည ငါတို့လူစုပြီးစာကျက်ကြမလား"

ဟိုဆော့ကိုကြည့်ရတာ စာကျက်ရတာထက် လက်တွေ့ပိုင်းကိုပိုအားသန်တဲ့ ထယ်ယောင်းကိုစိတ်ပူနေပုံရတယ်။

"အတူတူကျက်တော့ နားမလည်တာအပြန်အလှန်ရှင်းပြလို့ရတာပေါ့"

ဟိုဆော့ကဆက်ပြောတယ်။

ဂျယ်ဆောင်ကျောင်းက သင်ကြားပေးတဲ့ပညာရပ်တွေထဲမှာ ပန်းချီ နဲ့ ကဗျာကို နမ်ဂျွန်စိတ်အ၀င်စားဆုံးပင်။ ဒီအချိန်တွေကို ဂျီမင်းလည်း စိတ်၀င်စားပုံရတယ်။ ထယ်ယောင်းက တိုက်ခိုက်ရေးကို စိတ်၀င်စားပြီး ဟိုဆော့ကတော့ ကဗျာရေးရတာကိုသဘောကျတယ်။

Beyond the Pain(Completed)Where stories live. Discover now