အပိုင်း-၁၄

500 76 12
                                    

Unicode

အခန်း-၁

ဂျီမင်းအနေနဲ့တော့ ယိုဟွာမင်းသားကို ဘယ်လိုမှကို မယုံကြည်နိုင်ပါ။ အစ်ကို့အတွက်ကိုလည်း အရမ်းစိတ်ပူမိတာကြောင့်
အစ်ကိုနမ်ဂျွန် စစ်တိုက်မသွားမီက ကြိုတင်ပြီး စာကြည့်တိုက်မှူးထံ မိသားစုကိစ္စရှိလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ခွင့်ပန်ပြီးနန်းတော်အပြင်ကို ထွက်လာခဲ့တယ်။

ယိုဟွာမင်းသားကို မျက်ခြေမပျက်ဖို့အတွက် ရှီလာကိုသွားတဲ့ လမ်းတစ်လျှောက် တတ်တဆိတ်လိုက်ပါဖို့ ဆုံးဖြတ်ခဲ့တာဖြစ်သည်။

အခုလည်း ရှီလာရောက်တာ နှစ်ရက်ရှိသည့်တိုင် တပ်ကူခေါ်ပြီး ဘတ်ဂျယ်တောင်ပိုင်းကိုသွားဖို့ကို အကောင်အထည်မဖော်နိုင်ပဲရှိလေသည်။

သုံးရက်မြောက်နေ့မှာတော့ ယိုဟွာမင်းသာနဲ့ရှီလာမင်းကြီးတို့ရဲ့ ပူပေါင်းကြံစည်မှုကိုသိရှိခဲ့ရလေသည်။

"မင်းဟာ တကယ်ကို ရက်စက်လွန်းတာပဲ
ယိုဟွာ~"

ရှီလာမင်းကြီးဟာ ခပ်ပြုံးပြုံးပြောရင်း ရေနွေးကြမ်းကိုမော့သောက်တယ်။

"ဘတ်ဂျယ်ထီးနန်းကိုသာပိုင်ဆိုင်ရမယ်ဆိုရင်ကျွန်တော်အတွက် ကျန်တာဘာမှအရေး
မကြီးပါဘူး"

"ငါနမ်ဂျွန့်ကို သမက်တော်ဖို့ဘာလို့ရွေးချယ်သလဲသိလား ယိုဟွာ~ ငါ့သမီးတော်ကိုတော့ ချစ်ခင်တတ်တဲ့သူနဲ့ပဲ ဘဝကိုဖြတ်သန်းစေချင်တာ......ဒါပေမယ့် နမ်ဂျွန်ကငြင်းပယ်မှတော့ ဘယ်တတ်နိုင်မလဲလေ~မင်းကံကောင်းမှုပဲပေါ့မဟုတ်ဘူးလား"

"ကျွန်တော် ဘတ်ဂျယ်တောင်ပိုင်းမှာ သူလျှိုလွှတ်ထားတယ်~နမ်ဂျွန်တို့ စစ်ရှုံးတာသေချာမှ ကျွန်တော်ရှီလာကတပ်ကူတွေနဲ့ ပုန်ကန်သူတွေကိုနှိမ်နင်းမယ်......ပြီးတာနဲ့ ဘတ်ဂျယ်နန်းတော်ကိုပြန်ပြီး နန်းသိမ်းမယ်"

"မင်းညီတော်နမ်ဂျွန်ရဲ့ အသက်ကိုရော"

"နမ်ဂျွန်ကတော့ အသက်ရှင်လို့မဖြစ်ဘူး~သူမရှိမှ ဘတ်ဂျယ်ထီးနန်းကို လွယ်လွယ်ကူကူသိမ်းလို့ရမှာလေ"

စကားကိုရပ်ထားရင်းကနေ ယိုဟွာမင်းသားက ခပ်ဟဟရယ်တယ်။

နားထောင်နေရင်းမှ ဂျီမင်းတွေးမိတာက တော်တော်အကြံကြီးတဲ့ ယိုဟွာမင်းသားပဲ။
ယိုဟွာမင်းသားတို့ရဲ့ ပြောစကားအရသာဆိုရင် အစ်ကိုနမ်ဂျွန်အတွက် အန္တရာယ်ရှိနေပြီ။
အချိန်မဆိုင်းသင့်တော့တာမို့ ဂျီမင်း
ဘတ်ဂျယ်နန်းတော်ကို ဦးတည်ပြီး ထွက်လာခဲ့တော့သည်။

Beyond the Pain(Completed)Where stories live. Discover now