အပိုင်း-၈

623 88 22
                                    

Unicode

အခန်း-၁

"ဆိုတော့....မင်းအစ်ကိုဟိုဆော့နဲ့ အဆင်ပြေသွားပြီပေါ့လေ ဟုတ်လား~ထယ်ယောင်း"

အစ်ကိုဟိုဆော့နဲ့ အစ်ကိုနမ်ဂျွန်
စာကြည့်တိုက်သွားနေတဲ့ အချိန်မှာ ဂျီမင်းနဲ့ ထယ်ယောင်းစကားပြောနေကြတာဖြစ်သည်။

"အေး..မင်းကျေးဇူးနဲ့အဆင်ပြေသွားပြီ
ဂျီမင်း"

သူ့စကားဆုံးတော့ ဂျီမင်းက ဂုဏ်ယူဝင့်ကြွားစွာပြုံးရင်း ခေါင်းတဆတ်ဆတ်ငြိမ့်တယ်။

"ဒါနဲ့လေ ထယ်ယောင်း၊ ငါမေးစရာတစ်ခုရှိတယ်"

ဂျီမင်းက စကားကိုရပ်ထားရင်း
ထယ်ယောင်းကိုကြည့်တယ်။ ဆက်ပြောဖို့ ထယ်ယောင်းခေါင်းငြိမ့်ပြတော့မှ

"အစ်ကိုနမ်ဂျွန် အမုန်းဆုံးက ဘာဖြစ်မလဲဟင်၊ မင်းတို့က ရင်းနှီးလာတာကြာပြီဆိုတော့သိမှာပဲ၊ ငါ့ကိုပြောပြပါလား"

ဂျီမင်းဟာ အစ်ကိုနမ်ဂျွန်ရဲ့ မျိုးရိုးတို့ မိသားစုအကြောင်းတို့ မမေးဘဲ ထူးထူးဆန်းဆန်းမေးလာတယ်။

"မင်းကဘာလုပ်မလို့လဲ"

"ဒီလိုထယ်ယောင်းရယ်၊ ငါကြားဖူးတာတစ်ခုရှိတယ်၊ တကယ်ချစ်ရင် သူမကြိုက်တာလုပ်ရင်တောင်ခွင့်လွှတ်တယ်တဲ့၊ အဲ့တာ ငါစမ်းကြည့်ချင်လို့"

ဂျီမင်းစကားကို နားထောင်ရင်း
ထယ်ယောင်းစိတ်ဝင်စားလာမိတယ်။
ငါလည်းစမ်းကြည့်ချင်လိုက်တာ။

"အစ်ကိုနမ်ဂျွန် အမုန်းဆုံးဆိုတာမျိုးတော့ မကြားဖူးဘူး ဂျီမင်းရ၊ ဒါပေမယ့်လေ မလုပ်နိုင်တာတော့ရှိတယ်"

"အဲ့တာဘာလဲ ထယ်ယောင်း"

တက်တက်ကြွကြွမေးနေတဲ့ ဂျီမင်းကိုကြည့်ပြီး အစ်ကိုနမ်ဂျွန်ကို စိတ်ထဲကနေပဲ
ထယ်ယောင်း တောင်းပန်လိုက်မိတယ်။
ကျွန်တော့ကို ခွင့်လွှတ်ပါအစ်ကိုနမ်ဂျွန်ရယ်၊ ပြီးတော့ ကံကောင်းပါစေနော်။

"အစ်ကိုနမ်ဂျွန်က ဟင်းလုံးဝမချက်တတ်ဘူးကွ၊ မင်းသတိထားမိသလားတော့မသိဘူး၊ အစ်ကိုနမ်ဂျွန် ထိလိုက်ကိုင်လိုက်တဲ့ပစ္စည်းတွေက များသောအားဖြင့် ပျက်စီးသွားတာကြီးပဲ"

Beyond the Pain(Completed)Where stories live. Discover now