အပိုင်း-၅

650 106 18
                                    

Unicode

အခန်း-၁

နေဝင်ပြီဆိုတာနဲ့ အအေးပိုကဲလာရုံမက ပတ်၀န်းကျင်တစ်ခုလုံး မြူဆိုင်းနေတဲ့ရာသီဥတု​ဟာ ဆောင်းရောက်ပြီဖြစ်ကြောင်း သတိပေးနေဟန်ရှိသည်။

"ကျောင်းအပြင်ထွက်မှာ မနက်ဖြန်မနက်လား
နမ်ဂျွန်"

စာသင်ချိန်ပြီးလို့ အိပ်ဆောင်ပြန်တဲ့လမ်းမှာ ဟိုဆော့ကမေးလာတယ်၊

"ဟုတ်တယ် ဟိုဆော့~မနက်ဖြန် နေမထွက်ခင် သွားဖြစ်မယ်"

ဟိုဆော့က သူ့စကားကို ခေါင်းငြိမ့်ရင်း

"ကျောင်းအပြင်မှာ နှစ်ရက်နေမှာဆိုတော့ ဂရုစိုက်ကြ~ နမ်ဂျွန့်စကားကို နားထောင်နော် ဂျီမင်း"

"ဟုတ်ကဲ့ပါ အစ်ကိုဟိုဆော့ရယ်၊ ကျွန်တော် လိမ်လိမ်မာမာနေပါ့မယ်"

ဂျီမင်းက ပြုံးပြီး ပြန်ဖြေတယ်။

နှင်းကြည့်ရတော့မှာမို့ ပျော်နေပုံရတဲ့ ဂျီမင်းမျက်နှာလေးကိုမြင်ရတော့ စာမေးပွဲမှာပထမရဖို့ နေ့နေ့ညညကြိုးစားခဲ့ရတာတွေက ထိုက်တန်တယ်လို့ခံစားမိတယ်။

တကယ်ဆို စာမေးပွဲမှာထိပ်ဆုံးက
အောင်မြင်ဖို့ နမ်ဂျွန် စိတ်မ၀င်စားလှပါ။
ဂျီမင်းဆန္ဒကို ဖြည့်ဆည်းပေးချင်ပေမယ့် ကျောင်းအပြင်ကို ခိုးထွက်ဖို့လည်း
မလုပ်ချင်တာကြောင့် ခွင့်ပြုချက်ရဖို့ စာမေးပွဲမှာ ထိပ်ဆုံးကအောင်မြင်အောင်ကြိုးစားခဲ့ခြင်းသာ။

ဂျီမင်းရဲ့ ဆန္ဒတွေ၊ ပျော်ရွှင်မှုတွေကို
အမြဲဖြည့်ဆည်းပေးတဲ့နိုင်တဲ့သူ ဖြစ်ရင်ဘယ်လောက်ကောင်းလိုက်မလဲ~

အခန်း-၂

အိပ်ဆောင်​ပြန်ရောက်တော့ နမ်ဂျွန်နဲ့
ထယ်ယောင်းစကားဆက်ပြောဖြစ်ကြတယ်

"ဂျီမင်းကို ဘယ်လိုမြင်လဲ ထယ်ယောင်း~"
အဆက်စပ်မရှိမေးလာတဲ့ သူ့စကားကို
ထယ်ယောင်းက အံ့သြသွားဟန်ရှိသည်။

"ဂျီမင်းက လျှို့ဝှက်တယ် အစ်ကိုနမ်ဂျွန်~
စသိလာကတည်းက အခုချိန်ထိ
ကျွန်တော်တို့နောက်ကြောင်းကိုမမေးသလို၊ သူ့အကြောင်းကိုလည်းမပြောပြဘူး"

Beyond the Pain(Completed)Where stories live. Discover now