အပိုင်း-၁

4.2K 210 19
                                    

Unicode

အခန်း-၁

နန်းမြို့ရိုးပေါ် က ဘတ်ဂျယ်နန်းတော်၏ မြင်ကွင်းသည် အရှင်းလင်းဆုံးပင်~ သူငယ်ငယ်တည်းက ခမည်းတော်နဲ့အတူ လသာတဲ့ညတိုင်း လာကြည့်နေကြ ဒီမြင်ကွင်းဟာ အရင်အတိုင်းပဲ~

"လရောင်ကအေးချမ်းလိုက်တာနော်...
ဟိုဆော့ ~နန်းမြို့ရိုးတစ်ဖက်က ပြည်သူတွေရဲ့စိတ်နှလုံးကရော ဒီလရောင်လိုမျိုး
အေးချမ်းပါ့မလား"

နမ်ဂျွန် သူ့ဘေးနားမှာရပ်နေတဲ့ ဟိုဆော့ကို​ မေးလိုက်မိတယ်။

"လူတိုင်းမဟုတ်ပေမယ့် အများစုကတော့ အေးချမ်းမှာပါ အရှင့်သား"

သက်တောင့်သက်သာပဲပြန်ဖြေတဲ့ ဟိုဆော့စကား​ကို ခေါင်းတဆက်ဆက်ငြိမ့်ရင်း သူထောက်ခံမိတယ်။ ဒါပေါ့ ကိုယ်ဖြစ်စေချင်သလိုတော့ ဘယ်အကုန်ဖြစ်နိုင်ပါ့မလဲလေ။

"ဒါနဲ့ ထယ်ယောင်းကိုရော မတွေ့မိပါလား"

"မနက်ဖြန်သွားဖို့အတွက် ပြင်ဆင်နေပါတယ် အရှင့်သား"

ဟိုဆော့က သူ့ကိုကြည့်ရင်းဖြေတယ်။

"မင်းရော အဆင်သင့်ဖြစ်ပြီလား"

"ထယ်ယောင်းက သူပြင်​ဆင်ပေးမယ်ပြောပါတယ် "

ဒီတစ်ခါတော့ ဟိုဆော့ပြောတဲ့စကားကိုနားထောင်ရင်း နမ်ဂျွန် ပြုံးမိသည်။

ထယ်ယောင်းနဲ့ ဟိုဆော့ဆိုတာ သူငယ်ငယ်ကတည်းက ဘေးမှာကိုယ်ရံတော်လိုရော

သူငယ်ချင်းလိုရော မခွဲအတူနေခဲ့တဲ့သူတွေ~

အခုပညာသင်သွားတော့လည်း လိုက်ခဲ့ပါရစေလို့  ခွင့်တောင်းကြတာကြောင့်
အတူတူသွားကြရမှာ။  ဘုရင့်သားတော်တိုင်း အသက်နှစ်ဆယ်မပြည့်ခင် ကြုံရမယ့်
ဘတ်ဂျယ်ရဲ့ ထုံးစံဖြစ်တဲ့ ဒီပညာသင်ခရီးဟာ သူ့အတွက်တော့ စိန်ခေါ်မှုတစ်ခုပင်။

မနက်ခင်းက ခမည်းတော်နှင့်မယ်တော်ထံကို နှုတ်ဆက်ဂါရဝပြုဖို့ သွားတော့ ခမည်းတော်က သူ့အပေါ် မျှော်လင့်ချက်၊ ယုံကြည်ချက်တွေ ဘယ်လောက်ထားကြောင်းနဲ့
ကြိုးကြိုးစားစား လေ့လာသင်ယူဖို့ မှာကြားနေတော့တာ။

Beyond the Pain(Completed)Where stories live. Discover now