အပိုင်း-၁၃

488 71 16
                                    

Unicode

အခန်း-၁

ဘတ်ဂျယ်နန်းတော်၊ ယိုဟွာမင်းသားရဲ့နန်းဆောင်

ရှီလာမင်းကြီးနဲ့ မင်းသမီးကို တည်ခင်းဧည့်ခံခဲ့တဲ့ နောက်ဆုံးညစာစားပွဲမှာ ရှီလာမင်းသမီးနဲ့ လက်ဆက်ဖို့ကို နမ်ဂျွန်ငြင်းလိုက်တာကို သူအံ့သြလို့မဆုံးနိုင်။ နမ်ဂျွန်ဟာ တကယ်ပဲ ထီးနန်းမပိုင်ဆိုင်လိုဟန်မတူ။ ခမည်းတော်ဟာ နမ်ဂျွန့်ရဲ့ လက်ဆက်ဖို့ ငြင်းဆန်မှုကြောင့် စိတ်ပျက်သွားဟန်က အထင်းသား။

ခမည်းတော်ရဲ့အတွေးထဲမှာ သူဆိုတဲ့ သားတော်အကြီးဆုံးယိုဟွာမင်းသားကို တကယ်ပဲ ရှိမနေဘူးလား~

ယိုဟွာ ငယ်ငယ်ကထဲက ခမည်းတော်ရဲ့ချစ်ခင်ခံရမှုကို ခံရဖို့ အမျိုးမျိုးကြိုးစားခဲ့ရတာ။ စာပေ၊ ဓားရေး၊ မြှားပစ် အစရှိသဖြင့် အဘက်ဘက်ကပြည့်စုံအောင် ကြိုးစားခဲ့ပေမယ့် ခမည်းတော်ရဲ့ ဂရုစိုက်ချစ်ခင်မှုကိုတော့မရခဲ့။

ပတ်ဝန်းကျင်က သူနဲ့နမ်ဂျွန့်ကို ဘယ်လိုပင် နှိုင်းယှဥ်ပြောဆိုကြပါစေ နမ်ဂျွန်အပေါ်ကို
ယိုဟွာအမြဲချစ်ခင်ပေးခဲ့သည်။
စကားနားထောင်ပြီး လိမ္မာတဲ့ နမ်ဂျွန်ဟာလည်း သူ့ကို ချစ်ခင်အားကိုးခဲ့သည်။
ဒါပေမယ့် သူတို့အတူ မြှားပစ်သင်ခဲ့တဲ့ အချိန်မှစပြီးနမ်ဂျွန့်အပေါ်သဘောထားတွေ
ပြောင်းလဲခဲ့ရလေသည်။

သူနဲ့ အသက်အရွယ်အားဖြင့် နှစ်နှစ်သာကွာခြားပေမယ့် ဥာဏ်ကောင်းလွန်းလှတဲ့
ညီတော်နမ်ဂျွန်ဟာ ဘယ်အတတ်ကိုဖြစ်ဖြစ် အလွယ်တကူတတ်မြောက်လေသည်။
ယိုဟွာမြှားပစ်သင်တာ ရက်အတော်ကြာပြီးနောက်မှာ နမ်ဂျွန်ဟာလည်းမြှားပစ်သင်ခဲ့သည်။ အစက ပျော်ရွှင်စွာလေ့ကျင့်နေခဲ့သော်လည်း နမ်ဂျွန်ရောက်လာချိန်မှာတော့ ယိုဟွာစိတ်ရှုပ်ထွေးစပြုလာလေသည်။

"နမ်ဂျွန်မင်းသားလေးက မြှားပစ်သင်တာ မကြာသေးပေမယ့်  လေးကိုကောင်းကောင်းကိုင်နိုင်ပြီတဲ့ ...."

"အေးလေ....ဥာဏ်ကောင်းတာကိုး~တစ်နေ့ကျရင် ဘတ်ဂျယ်ရဲ့အိမ်ရှေ့စံဖြစ်လာမလားမသိဘူးနော်" အစရှိတဲ့ စကားတွေကို မကြာခဏ ကြားရပါများလာတဲ့အခါမှာတော့
ယိုဟွာ စိတ်ပျက်လာခဲ့သည်။ အဆိုးဝါးဆုံးကတော့ သူမြှားပစ်လေ့ကျင့်တုန်းက
လေ့ကျင့်ကွင်းကို တစ်ခါတောင်ရောက်မလာခဲ့တဲ့ ခမည်းတော်ဟာ အခုတော့ မကြာခဏဆိုသလိုရောက်လာခဲ့လေသည်။

Beyond the Pain(Completed)Where stories live. Discover now