အပိုင်း-၁၂

490 78 14
                                    

Unicode

အခန်း-၁

ညနေစောင်းချိန်လောက်တွင် ဘတ်ဂျယ်မြို့ထဲကို ထွက်လာဖြစ်ခဲ့ကြတော့ နမ်ဂျွန်နဲ့အတူ ဟိုဆော့ကလိုက်ပါလာခဲ့တယ်။
ထယ်ယောင်းကတော့ နမ်ဂျွန်စုံစမ်းခိုင်းထားတဲ့ ကိစ္စတစ်ခုကြောင့် လိုက်မလာခဲ့ပေ။
လူအများရဲ့အာရုံစိုက်တာမခံချင်ပုံရတဲ့ မင်းသမီးဆိုအာနဲ့ ကိုယ်ရံတော်မိန်းကလေးတို့ဟာယောက်ျားလေးလိုဝတ်ဆင်ထားကြတယ်။

စည်ကားလှတဲ့ ဘတ်ဂျယ်မြို့မှာ စျေးဆိုင်ခန်းများဖြင့်ပြည့်နေပြီး နမ်ဂျွန်တို့လေးယောက် လမ်းလျှောက်လာရင်း လက်နက်ဆိုင်တစ်ဆိုင်ရှေ့ကိုရောက်လာခဲ့ကြသည်။

"ညီမတို့ ဆိုင်ထဲဝင်ကြည့်ကြမယ်နော် အစ်ကို"

စကားပင်မဆုံးသေးဘဲ ဆိုင်ထဲဝင်သွားတဲ့ မင်းသမီးဟာ လက်နက်တွေကိုစိတ်ဝင်စားပုံရလေသည်။

လက်နက်အရောင်းဆိုင်တွင် ဓားအမျိုးမျိုးနဲ့ သံထည်လက်အတော်များများကိုတွေ့ရပြီးဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုရင်း
နမ်ဂျွန့်မျက်လုံးထဲ ဝင်လာတာက
အိတ်ဆောင်ဓားလေးတစ်ချောင်း။ လက်ရာသေသပ်တဲ့ လက်ကိုင်ရိုးလေးနဲ့
သံထည်ဓားလေးဟာ အတော်ပင်သဘောကျစရာကောင်းလေသည်။ဂျီမင်းသာဆိုရင် သဘောကျမှာပဲဆိုတဲ့ အတွေးကြောင့် ထိုဓားလေးကို နမ်ဂျွန်ဝယ်လိုက်တယ်။

လက်နက်ဆိုင်ကထွက်လာတော့ နေအတော်စောင်းနေပြီ။ ဘတ်ဂျယ်ရဲ့ညစျေးဟာ
လူချင်းတိုးမိမတတ်ကို စည်ကားနေသည်။
စကားတစ်ခွန်းမှမဆိုဘဲ လမ်းလျှောက်နေတဲ့ အစ်ကိုနမ်ဂျွန့်ကို သူမစကားစမိတယ်။

"ဘတ်ဂျယ်မြို့က တကယ်စည်ကားတာပဲနော် အစ်ကို"

သူမစကားကို ခေါင်းငြိမ့်ရုံသာ ငြိမ့်ပြတဲ့ အစ်ကိုနမ်ဂျွန့်ဟာ အရင်ထဲက စကားနည်းတာလားတော့မပြောတတ်။ သူမပြောသမျှကို ​မေးတစ်ခွန်း ပြောတစ်ခွန်းသာ။

အစ်ကိုနမ်ဂျွန်နဲ့ အတူပါလာတဲ့ ကိုယ်ရံတော်ဟာလည်း စကားမဆိုဘဲ ပတ်ဝန်းကျင်ကိုသာအကဲခတ်နေလေသည်။ တကယ်ကိုပဲ
ဘတ်ဂျယ်သားတွေဟာ စကားပဲနည်းတာလား ၊ အနေပဲအေးတာလား။

Beyond the Pain(Completed)Where stories live. Discover now