အပိုင်း-၁၀

545 82 12
                                    

Unicode

အခန်း-၁

"သားတော်ပြန်ရောက်ပါပြီ~ခမည်းတော်"

"လမ်းခရီးမှာ အဆင်ပြေခဲ့ရဲ့လား သားတော်"

နန်းတော်ကို ပြန်ရောက်တာနဲ့ အခစားဝင်လာတဲ့ နမ်ဂျွန့်ကို နှုတ်ဆက်လာတဲ့ ခမည်းတော်ဟာ အတော်ပင် စိတ်ဖိစီးနေဟန်တူသည်။
မျက်နှာကပြုံးနေသော်လည်း အမှန်တကယ် စိတ်ချမ်းမြေ့နေဟန်တော့မတူ။

"အဆင်ပြေပါတယ် ခမည်းတော်" 

ခမည်းတော်ဟာ အနားက အထိန်းတော်ကြီး ဒယ်ရှင်အလိုက်တသိ ငှဲ့ပေးတဲ့ ရေနွေးချမ်းကို သောက်ရင်း နမ်ဂျွန့်စကားကို ခေါင်းငြိမ့်တယ်။

" ဒီနေ့တော့ နန်းဆောင်ပြန်ပြီးနားလိုက်ပါဦး သားတော်~ဒါနဲ့နန်းဆောင်ကို မပြန်ခင်တော့ မယ်တော်ဆီအခစားဝင်လိုက်ပါဦး၊ တိုင်းရေးပြည်ရေးကိုတော့ မနက်ဖြန်မနက်ညီလာခံကျမှ  ဆွေးနွေးကြတာပေါ့"

ခရီးဝေးကပြန်လာရတာဖြစ်သည့်အတွက် ခမည်းတော်ဟာ နမ်ဂျွန့်ကို နန်းဆောင်ပြန်ပြီးအနားယူစေချင်ပုံရသည်။

ခမည်းတော်ကိုနှုတ်ဆက်ပြီးတာနဲ့ မယ်တော့်နန်းဆောင်ကို နမ်ဂျွန်ထွက်လာခဲ့တော့သည်။
နမ်ဂျွန် အခစားဝင်တာနဲ့ မယ်တော်ဟာ
ဝမ်းပန်းတသာကြိုဆိုလာတယ်။

"သားတော် ပြန်ရောက်ပါပြီမယ်တော်"

"သားတော်ပြန်လာမှပဲ မယ်တော့်မှာ စိတ်အေးတော့ရတော့တယ်၊ ခမည်းတော်ဆီကိုရော အခစားဝင်ပြီးပြီလား"

နမ်ဂျွန်လက်နှစ်ဖက်ကို ဆုပ်ကိုင်ရင်း မယ်တော်ကပြောတယ်။

"ခမည်းတော်ဆီ အခစားဝင်ပြီးပါပြီမယ်တော်၊ ခမည်းတော်ကိုကြည့်ရတာ တိုင်းပြည်အတွက် စိတ်ပူနေပုံရတယ်"

"သားတော် တိုင်းပြည်အခြေအနေကို အသေးစိတ်မသိသေးဘူးထင်တယ်"

"မသိသေးပါဘူးမယ်တော်၊ ခမည်းတော်က မနက်ဖြန်ညီလာခံကျမှ ဆွေးနွေးမယ်လို့ပြောပါတယ်"

သူ့စကားဆုံးတော့ မယ်တော်က သက်ပြင်းချတယ်။

"တိုင်းပြည်ရဲ့ တောင်ဘက်နဲ့ မြောက်ဘက်ပိုင်းပြည်နယ်တွေမှာ ပုန်ကန်မှုတွေဖြစ်တယ်သားတော်၊ အခုအခြေအနေအတိုင်းကတော့ ထိန်းချုပ်လို့လွယ်ပေမယ့်~ ရေရှည်ဖြစ်လာမယ်ဆိုရင် တိုင်းပြည်အတွက် အန္တရာယ်ရှိလာနိုင်တယ်"

Beyond the Pain(Completed)Where stories live. Discover now