အပိုင်း-၆

621 97 7
                                    

Unicode

အခန်း-၁

ဆီးနှင်းကျဆင်းသံ တဖြောက်ဖြောက်
ကြောင့် ဂျီမင်းနိုးလာတော့ ပတ်၀န်းကျင်မှာ နေရောင်တောင်မမြင်ရသေးပေ။
သူ့ခန္ဓာကိုယ်တစ်ခုလုံး အစ်ကိုနမ်ဂျွန်ရဲ့ ရင်ခွင်ထဲရောက်နေတာကြောင့်
ဆောင်းမနက်ခင်းရဲ့ ချမ်းအေးမှုကို မခံစားရဘဲ နွေးထွေးနေတယ်။

ချမ်းအေးလွန်းဆောင်းမနက်ခင်းကို 
ကိုယ့်ချစ်သူရင်ခွင်​ထဲက နိုးထရတာ ဘယ်လောက်တောင်ကောင်းလိုက်သလဲ။

အိပ်ရာကနိုးနေပေမယ့် မထချင်သေးတာကြောင့် အစ်ကိုနမ်ဂျွန်ရင်ခွင်ထဲမှာ ငြိမ်သက်နေမိတယ်။

ညကအကြောင်းပြန်စဥ်းစားမိတော့ ဂျီမင်း
မပြုံးပဲကိုမနေနိုင်တော့။ အစ်ကိုနမ်ဂျွန်
ချစ်ရေးဆိုလာဖို့ သူဘယ်လောက်တောင်မျှော်လင့်ခဲ့ရသလဲ။

သူငယ်ငယ်ကတည်းက မျက်နှာသာမပေးတဲ့ ကံကြမ္မာဟာ အခုတော့ မျက်စိလည်နေပုံရလေတယ်။

မွေးကထဲက အဖေရော အမေရော ဆုံးပါးသွားခဲ့တဲ့ သူ့ဘဝကို ဆွေမျိုးနီးစပ်တော်တဲ့ ဦးလေးကကြည့်ရှု စောင့်ရှောက်ပေးခဲ့တာ
ဖြစ်ပြီး  သူ့အသက် ရှစ်နှစ်အရွယ်က စလို့
အဖွဲ့ရဲ့တည်ရှိမှုကို အတိအကျသိသူမရှိလောက်အောင် လျှို့ဝှက်လွန်းတဲ့ အဖွဲ့အစည်းတစ်ခုမှာ အဖွဲ့ဝင်ဖြစ်လာခဲ့တယ်။

ဆေးပညာ၊ တိုက်ခိုက်ရေးတို့မှ စပြီး ပန်းချီဆွဲခြင်း၊ စောင်းတီးခြင်း တို့ကိုပါမကျန် လေ့လာသင်ယူခဲ့ရပြီး အဖွဲ့က ညွှန်ကြားလာတဲ့တာဝန်တွေကို ထမ်းဆောင်ခဲ့ရတယ်။

ပေးအပ်လာတဲ့ တာ၀န်မှန်သမျှကို အမှားမရှိအောင်ထမ်းဆောင်နိုင်တဲ့ ဂျီမင်းကို အဖွဲ့ခေါင်းဆောင်က ယုံကြည်အားကိုးတာ
ကြောင့် အရေးကြီးတဲ့တာဝန်အများစုကို ထမ်းဆောင်ခိုင်းလေ့ရှိတယ်။

ဂျီမင်းဘဝမှာ တစ်ခါမှ တာဝန်နဲ့ ခံစားချက်ရောထွေးတာမျိုးမဖြစ်ဖူးပေ။ အစ်ကိုနမ်ဂျွန်သည် ပထမဆုံးသူ့ဆုံးဖြတ်ချက်တွေကို
ဝေဝါးစေခဲ့သူဖြစ်သည်။

ခေါင်းဆောင်တာဝန်ပေးတုန်းက ငြင်းဆန်ခဲ့ရင်ကောင်းသားလို့တောင် ဂျီမင်းတွေးမိတယ်။

Beyond the Pain(Completed)Where stories live. Discover now