အပိုင်း-၁၅

1.4K 103 28
                                    

Unicode

အခန်း-၁

အမှောင်ထဲမှာ ဦးတည်ရာမဲ့ လမ်းလျှောက်ရင်း အသံတစ်ခုကိုကြားလိုက်မိသည်။

"ဂျီမင်းလေး...."

နူးညံ့လွန်းတဲ့ ခေါ်သံကိုကြားလိုက်ရချိန်မှာ ဂျီမင်းနှလုံးသားတစ်ခုလုံး အေးချမ်းသွားတယ်။

"အစ်ကိုအရမ်းလွမ်းနေပြီ ကလေးလေးရဲ့...."

နီးသွားလိုက်ဝေးသွားလိုက်နဲ့ ကြားနေရတဲ့ ဒီအသံဟာ~အစ်ကို့အသံပဲ။ ​ အသံနောက်ကို အပြေးလိုက်ရင်း မောဟိုက်လာပေမယ့်
မရပ်နားဘဲ ဆက်ပြေးပြီးနောက်မှာတော့  အဆုံးမဲ့ချောက်တစ်ခုထဲကို ပြုတ်ကျသွားသလို ခံစားလိုက်ရတယ်။

"အစ်ကိုနမ်ဂျွန်....."

ဂျီမင်းနှုတ်ဖျားက ခပ်တိုးတိုးအသံလေးထွက်လာတယ်။

"ဂျီမင်းလေး ......ကလေးလေးသတိရလာပြီလားဟင်"

ကြားလိုက်ရတဲ့ အသံကြောင့် အားတင်းပြီးမျက်လုံးကို ဖွင့်ကြည့်လိုက်တော့
သူ့ကို မျှော်လင့်တကြီးကြည့်နေတဲ့ အစ်ကို့ကိုမြင်လိုက်ရတယ်။

သူသေသွားပြီမဟုတ်ဘူးလား~ အဆိပ်ပါတဲ့ဆေးလုံးကို သူသောက်လိုက်တယ်လေ....ထင်ယောင်ထင်မှားဖြစ်နေတာများလား...တစ်ယောက်ထဲမေးခွန်းတွေနဲ့ ချာချာလည်နေတုန်း အစ်ကိုကသူ့ကိုနူးနူးညံ့ညံ့ပြုံးပြလာတယ်။

အခန်း-၂

"အဲ့ဒီတော့ အစ်ကို သိရဲ့သားနဲ့ ကျွန်တော့ကို ညာတာပေါ့လေ ဟုတ်လား"

နှုတ်ခမ်းစူပြီးပြောနေတဲ့ ဂျီမင်းရဲ့ နဖူးလေးကို နမ်ဂျွန်ခပ်ဖွဖွနမ်းမိတယ်။

"စိတ်မဆိုးပါနဲ့ ကလေးရယ်နော်"

တကယ်တော့ ထယ်ယောင်းစုံစမ်းပေးလို့
ဂျီမင်းရဲ့အကြောင်းကိုသာမက အစ်ကိုတော်ယိုဟွာမင်းသားရဲ့ အကြံအစည်တွေကိုပါ
သူအကုန်သိပြီးသားဖြစ်သည်။ တောင်ပိုင်းကို စစ်တိုက်မထွက်ခင် ခမည်းတော်ကိုအကုန်ဖွင့်ပြောပြခဲ့သည်။

သူ့ကို မင်းတစ်ပါးဖြစ်စေချင်တဲ့ ခမည်းတော်ဟာ နမ်ဂျွန့်သဘောကို လက်မခံနိုင်ခဲ့။  ဘယ်လိုမှသဘောမတူနိုင်တဲ့ ခမည်းတော်ကြောင့်  အပေးအယူတစ်ခုလုပ်ဖို့ နမ်ဂျွန်ဆုံးဖြတ်ခဲ့သည်။

Beyond the Pain(Completed)Where stories live. Discover now