(( 1 ))

36.5K 1.4K 101
                                    

//Unicode//

မိုးတဖွဲဖွဲနှင့် စွတ်စိုနေသောမနက်ခင်းလေးသည် မင်္ဂလာပွဲလေးတစ်ခုနှင့်စတင်သည်။ မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်သော်လည်း ကောင်းကင်ကြီးမှာဝမ်းနည်းနေသယောင် ညှို့မှိုုင်းအုံ့ဆိုင်းလို့နေသည်။

နာမည်ကြီးလုပ်ငန်းစုမှသားဖြစ်သည်ကတစ်ကြောင်း ယောကျာ်းလေးနှစ်ယောက်လက်ထပ်သည့်ပွဲဖြစ်သည်ကတစ်ဖုံမလို့ အရေးကြီးမိတ်ဆွေတချို့ ဆွေမျိုးအနည်းစုနှင့် မီဒီယာသမားအနည်းငယ်သာဖိတ်၍ကျင်းပသောလက်ထပ်ပွဲကြီးဖြစ်သည်။ ထိုလူတွေကြားထဲမှာမှ ဒုတိယShareအများဆုံးပါဝင်ထားသည့်အတွက်အထူးဧည့်သည်အဖြစ်ဖိတ်ကြားခြင်းခံရသူကတော့ Jung Hosoek...

"Min Yoongi & Kim Taehyung"

ပွဲတွင်းသို့ဝင်ခါနီး ရှေ့တွင်အလှဆင်ချိတ်ဆွဲထားသည့် သတို့သားနှစ်ယောက်၏နာမည်တွေငေးမိရင်း သက်ပြင်းတစ်ခုကချမိပြန်သည်။

သူဒီပွဲကို တက်ရောက်သင့်လား? ဟင့်အင်း တက်ပြီးဂုဏ်ပြုနိုင်ပါ့မလား?  အတွေးပေါင်းရောက်ယက်ခက်စွာဖြင့် ပြန်လှည့်ထွက်လာခဲ့မိတော့သည်။ ဟိုတယ်ရှေ့သို့ရောက်တော့ ခေါ်ထားသည့်ကားသည်အဆင်သင့်ရပ်စောင့်နေသည်။ အတွင်း​ရေးမှုးကတော့ ဘာများဖြစ်လို့ပါလိမ့်ဟူသည်မျက်လုံးများဖြင့် သူ့အားစူစမ်းနေသည်။ ကားပေါ်သို့တက်ရန်အလုပ် ဟိုတယ်ရှေ့ခပ်လှမ်းလှမ်းတွင် သတို့သားနှစ်ယောက်တွက် အလှဆင်ချိတ်ဆွဲထားသည့် bannerကြီးအား မိုးရေထဲမှရပ်ကြည့်ကာရှိုက်ကြီးတငင်ငိုနေသည့်ကောင်လေးတစ်ယောက်။

"Jiminie!!"

သူအသည်အသန်ပြေးသွားကာခေါ်လိုက်တော့ သူဖက်ကြည့်လာသည့်မျက်ဝန်းငယ်များသည်မိုးရေထဲတွင် မိုးစက်များနှင့်အပြိုင်အရည်ကြည်မျာဒသက်ဆင်းလို့နေသည်။ သူစိတ်မကောင်း။ ဒီလိုတွေဖြစ်မှာစိုးလို့တမင်အသိမပေးပဲနေခဲ့သည်ကို ဒီကလေးဘယ်လိုသိလာသည်လဲမသိ။ ရင်ခွင်ထဲအသာဆွဲဖက်တော့ ပျော့ခွေစွာလဲသွားကလေးငယ်။ သူလဲမိုးတွေရွှဲသွားချေပြီ။

"Jiminie!! အိမ်ပြန်မယ်နော်"

"အင့်...Hyung သူ..ဟင့်...တကယ်မဟုတ်ဘူးမလား?"

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now