(( 23 ))

6.5K 643 50
                                    

Unicode

"အင်းဟုတ်ပြီSoobin ah Hyungဒီနေ့လာခဲ့မယ် ပြီးတော့စိတ်မပူပါနဲ့Hyungသေချာစဉ်းစားထားပါတယ် "

"......."

"ဟုတ်ပြီ အဲ့တာဆိုညနေတွေ့မယ်နော်Soobin ah ငယ်လေးနိုးလာရင်လဲhyungကိုဖုန်းဆက်အုံး "

SoobinဆီမှJiminသတိရပြီဖြစ်တာကြောင့် ပုံမှန်အခန်းသို့ပြန်ရွှေ့ရပြီဖြစ်ကြောင်းလှမ်းပြောခြင်းဖြစ်သည်။ အရင်ကလဲ ခဏခဏအရေးပေါ်အခြေအနေကြုံဖူးပေမဲ့ မနေ့ညကတော့ကြုံဖူးခဲ့သမျှတွေထဲမှာအဆိုးဆုံးဖြစ်ခဲ့သည်ထင်သည်။

နာရီကြည့်လိုက်တော့ ဆယ်နာရီပင်ထိုးနေပြီဖြစ်သည်။ Min Yoongiကတော့ထုံးစံအတိုင်းကုမ္ပဏီသွားပြီဖြစ်သည်။ သူကတော့အခုချိန်ထိမထသေးတဲ့ အိပ်ပုတ်လေးကိုသွားနှိုးရပါမည်လေ။

Taehyungအိပ်နေလောက်မည်မလို့ အခန်းတံခါးမခေါက်နေတော့ပဲအသာလေးဖွင့်ဝင်သွားတော့ Taeဟာသူထင်သလိုမအိပ်နေခဲ့။ ကိုယ့်ဘာသာရေမိုးချိုးထာသည်ထင်သည် ခေါင်းတွင်ရေစက်လက်ဖြင့် သူ့အခန်းထဲတွင်လှုပ်လှုပ် လှုပ်လှုပ်နှင့်အင်္ကျီသွားထုတ်လိုက် တဘတ်ယူလိုက်ဖြင့်အလုပ်ရှုပ်နေသည်။

ထို့နောက်ကုတင်ပေါ်တွင် ပြန်သွားထိုင်ကာတစ်ယောက်တည်းခေါင်းသုတ်နေပြန်သည်။ အင်္ကျီကြယ်သီးလေးတွေတပ်ထားသည်ကလည်း လွဲနေသည်။ သူဒီထက်ပိုပြီးစောင့်မကြည့်နိုင်တော့သည်မလို့ခေါင်းသုတ်နေသည့်Taeအရှေ့သို့ သွားရပ်လိုက်တော့ ခေါင်းသုတ်နေသည့်လက်လေးတွေရပ်တန့်သွားသည်။

ထို့နောက်Taehyungထိုင်နေသည့်အရှေ့တွင်ဒူးထောက်ထိုင်ချလိုက်ကာခေါင်းပေါ်ကတဘတ်လေးကိုဆွဲယူလိုက်တော့ ပြူးကြောင်ကြောင်လေးဖြင့်ဟိုကြည့်ဒီကြည့်ဖြစ်နေသည်။  သူကတော့Taehyungရဲ့မျက်လုံးလှလှလေးတွေကိုသာငေးကြည့်နေမိသည်။ မကြာခင် ဒီမျက်ဝန်းလှလှလေးတွေ ပြန်အသက်ဝင်တော့မည်မလား?

"Jeon"

သူ့ဆီကအသံမလာလို့ထင်။ ကလေးငယ်ဘက်ကစခေါ်လာပါသည်။ ထို့နောက်သူ့မျက်နှာပေါ်အုပ်ကိုင်လာသည့်လက်ကလေးတွေ။

"တစ်ခုခုဖြစ်နေလားဟင်? ဒါမှမဟုတ်ကျွန်တော့်ကိုစိတ်ဆိုးသွားတာလား? အဲ့လိုဆိုရင်တောင်းပန်ပါတယ် ကျွန်တော့်ကြောင့်Jeonစိတ်အနှောက်အယှက်ဖြစ်သွားမှာပဲ ....
ဒါပေမဲ့ ကျွန်တော့်ကို မ မနေ့ကလိုတစ်ယောက်တည်မထားခဲ့ပါနဲ့နော် ကျွန်တော်ကJeonကျွန်တော့်ကိုထားသွားခဲ့ပြီထင်နေတာ "

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now