(( 22 ))

6.6K 697 64
                                    

Unicode

(Recommended song included)

ခြေလှမ်းကျဲကြီးတွေဖြင့် Jungkookတစ်ယောက်ဆေးရုံထဲသို့ပြေးလာသည်။ တစ်ကိုယ်လုံးလည်းဇောချွေးတို့ဖြင့်စိုရွှဲနေသည်။ ဆေးရုံထဲရောက်တော့လည်း အပေါ်ထပ်သို့တက်ရောက်မည့်ဓာတ်လှေကားကလည်းမရောက်သေး သို့သော်စောင့်မနေနိုင်တော့။ လှေကားကနေအမြန်ပြေးတက်ရသည်။

ICUအခန်းရှေ့ရောက်တော့ လူကမောကာဟောဟဲဆိုက်နေပြီဖြစ်သည်။ သို့သော် ICUအခန်းရှေ့တွင်ခေါင်းငိုက်စိုက်ချကာထိုင်နေသည့် Soobinကသူ့ကိုတွေ့တော့ အားကိုးတကြီးဖြင့်ပြေးလာကာ

"ကျွန်တော်တောင်းပန်ပါတယ်Jungkookie hyung ကျွန်တော့်အမှားပါ ကျွန်တော်ဘယ်လောက်ဗိုက်ဆာဆာအပြင်မသွားသင့်လိုက်ဘူး ကျွန်တော်အပြင်သွားလိုက်လို့... ကျွန်တော်..."

"တိတ် တိတ် Soobinie တိတ် မင်းအမှားမဟုတ်ဘူး Hyungနားလည်တယ် ဟုတ်ပြီလားမင်းကြောင့်မဟုတ်ဘူး စိတ်အေးအေးထား Hyungကိုသေချာပြောပြအုံး "

ငိုထားသည့်Soobinမျက်ဝန်းရဲရဲတွေတွေ့တော့သူလည်း စိတ်မကောင်း။ ညနေပိုင်းက Soobinဆီကငယ်လေးအရေးပေါ်ခန်းရောက်သွားတယ်ဆိုပြီးဖုန်းဆက်တုန်းကသူလည်း တကယ်ကိုပူထူပြီးစိတ်တွေလွတ်သွားခဲ့တာ။

Taeကလည်းအိပ်ပျော်နေသည်မလို့ အဒေါ်ကြီးကိုပဲTaeကိုသေချာစောင့်ကြည့်ပေးထားဖို့ထပ်တလဲလဲမှာခဲ့ကာ အမြန်ပြေးထွက်လာခဲ့ရခြင်းဖြစ်သည်။

"ကျွန်တော်မုန့်ဝယ်ပြီးပြန်လာတော့ Jimin hyungက ခုတင်အောက်မှာ ...တက်..တက်ပြီး သတိလစ်နေခဲ့တာ ...ကျွန်တော်ကြောင့်ပါ ...."

"မဟုတ်တာSoobin ah....အခုရော?? အခုရောအခြေအနေ??"

Soobinကိုမေးနေတုန်း ICUထဲကထွက်လာသည့်ဆရာဝန်အချို့ကြောင့် သူတို့လဲအမြန်သွားကာ

"ဒေါက်တာOh ကျွန်တော့်ညီလေး..."

"အခုတော့တည်ငြိမ်သွားပါပြီ ခဏလောက်စကားပြောရအောင် Jungkook sii"

ဒေါက်တာOhနှင့်ကရင်းနှီးဖူးသူ Jungkookရဲ့ဆရာတစ်ဦးလည်းဖြစ်ဖူးသူမလို့မစိမ်းလှ။ ဒေါက်တာရဲ့သီးသန့်ခန်းထဲသို့Jungkookလေးလံသည့်ခြေလှမ်းတွေဖြင့်လိုက်ပါခဲ့ရသည်။

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now