(( 19 ))

6.3K 683 67
                                    

Unicode

တဆစ်ဆစ်ထိုးကိုက်လာသည့်ခေါင်းကြောင့် မခံနိုင်စွာစောင်ကိုကြပ်နေအောင်ဆုပ်ကိုင်ထားမိသည်။ နာကြင်မှုတွေမြန်မြန်အဆုံးသတ်ချင်ပြီ။ ညနေကTaehyungပြန်သွားပြီးကတည်းက သူ့စိတ်တွေပေါ့ပါးသွားရသလို နှလုံးသားကလည်းပို၍နာကြင်ခဲ့ရသည်။

Taehyungရဲ့မျက်စိတွေချွတ်ယွင်းသွားသည့်ကိစ္စနှင့်ပက်သက်၍ သူ့စိတ်ထဲအပြစ်မကင်း။ ဖြစ်ခဲ့သမျှတွေအကုန်လုံးက သူနဲ့ကိုကို့ကိစ္စတွေချည်းပါပဲလေ။

တဆက်တည်းပင် နေ့လည်က Taehyungအဖြစ်အပျက်လေးကခေါင်းထဲပြန်ရောက်လာပြန်သည်။ ပဲခေါက်ဆွဲပန်းကန်ထဲက ခေါက်ဆွဲတွေကိုခက်ရင်းလေးဖြင့်ယူလိပ်ကာပါးစပ်ထဲထည့် ပေပွသွားလိုက်နှင့်မမြင်မကန်းစားနေရသည့် Taehyungကိုကြည့်ရင်းJiminရင်ထဲယူကြုံးမရစိတ်တို့ကတဖွားဖွား။

Taeရဲ့ကားအက်ဆီးဒင့်က သူ့ဆီကိုလာဖို့ကြိုးစားခဲ့ရင်းဖြစ်သည်လို့ဆိုလာတော့ သူတို့အတွက်နဲ့မဆီမဆိုင်ကံကြမ္မာ၏ပြစ်ဒဏ်ကိုခံလိုက်ရသည့်သူငယ်ချင်းလေးကြောင့် စိတ်မကောင်းကြီးစွာမျက်ရည်ဝဲမိသည်။ တကယ်ဆိုဖြစ်ခဲ့သမျှတွေအကုန်လုံးကို သူမသိခဲ့သလိုTaehyungဆိုလည်းဘာမှသိခဲ့မည်မဟုတ်။

Taehyungဘက်ကဖြစ်ကြောင်းကုန်စင်ရှင်းပြလာခဲ့ပေမဲ့ သူ့ဘက်ကတော့နှုတ်ဆိတ်ရုံမှလွဲ၍မတတ်နိုင်ခဲ့။ မပြောရဲတာလား? မဟုတ်ပါ မပြောရက်ခဲ့တာပါ။ တစ်ယောက်တည်းရှိတဲ့ဒီသူငယ်ချင်းလေးကို ဖြစ်ကြောင်းကုန်စင်အော်ဟစ်ငိုယိုပြီးရင်ဖွင့်ချင်တယ်။ ဒါပေမဲ့သူမလုပ်ခဲ့။

အစ်ကိုကိုသိပ်ချစ်တဲ့ညီနှင့် ညီကိုသိပ်ချစ်တဲ့အစ်ကို။ ထိုချစ်စရာညီအစ်ကိုနှစ်ယောက်ကြား မင်းအစ်ကိုကြောင့်ပါဆိုပြီး သူသွေးထိုးပြီးအပြစ်မတင်ရက်။ စဉ်းစားကြည့်ပြန်တော့ သူတို့အချင်းချင်းဖြစ်တဲ့ကိစ္စကိ​ု သူတို့တောင်နားလည်နိုင်သေးတာ ဘေးကလူကြီးတွေနားမလည်ပေးနိုင်ကြတာတကယ်ခက်သည်။

ကိုကို့ကိုပြန်လက်ခံဖို့ Taehyungကအသည်းအသန်တိုက်တွန်းတော့ မျက်ရည်တွေကြားမှသူခေါင်းလေးသာခါပြမိသည်။ သူ့ဘက်ကငြင်းဆန်မှုကိုမမြင်နိုင်သော Taehyungမှာငိုလျက်ပင်

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now