(( 3 ))

9.2K 943 47
                                    




|| Unicode ||

"Kim Taehyung sii ကိုယ်ဒီမှာနွားနို့ယူလာပေးတယ် နွေးတုန်းလေးသောက်လိုက်နော် "

လက်ထဲကိုလာထည့်ပေးတော့ Taehyungလဲ ငြင်းမနေတော့။ ဒီဆရာတစ်ယောက်နဲ့သူအတွန့်လဲတက်လို့မရ။ အတွန့်တက်ရင်အော်ခံရသည်။ သူ့ဘာသာနေတစ်ယောက်နေနေတုန်းက အဟုတ်။ ဒီဆရာရောက်လာမှ သူ့မှာနေချင်တိုင်းနေခွင့်မရှိတော့။ တစ်ချိန်လုံးစောင့်ကြည့်နေသည်ထင်သည်။ နဲနဲလေးလှုပ်လိုက်တာနဲ့ အနားရောက်လာကာတွဲသည်။

ခြေထောက်နာနေသည်ကြောင့် ဟိုတနေ့ကလဲသူ့လက်ထဲအရုပ်တစ်ရုပ်လို ပွေ့ချီခံလိုက်ရသေးသည်။ ဒီဆရာရောက်လာပြီးတည်းက Hyungကတစ်ရက်လေးမှအိမ်မပြန်လာတော့။ ထို့အတွက်Taehyungအလွန်ဝမ်းနည်းရသည်။

Hyungကသူ့ကို တကယ်ပဲမုန်းသွားခဲ့သည်လား? လက်ထပ်ထားတာကြီးကိုမေ့ပြီး အရင်လိုညီလေးတစ်ယောက်လိုပင် ဂရုမစိုက်ပေးချင်လောက်တော့အောင်ကို သူ့အပြစ်ကသိပ်ကိုကြီးမားသွားလေသလား? စဉ်းစားမိတိုင်း ရင်ဘတ်ထဲကမခံစားနိုင်သည်မို့ မျက်ရည်တို့ကသာကျဆင်းလာသည်။

"Kim Tarhyung sii ကိုးနာရီထိုးပြီဆိုတော့ ကိုယ်အခန်းထဲပို့ပေးမယ်နော်"

သူ့ကိုထဖို့ဆွဲထူလာသည့်Jungkookလက်ကို ပြန်ရုန်းရင်းပေကပ်ထိုင်နေမိသည်။ Hyungကိုသူစောင့်နေကြလေ။ အနည်းဆုံးHyungပြန်လာသည့်အချိန်ကိုတော့ သူစောင့်နေချင်ပါသည်လေ။

"ဘာဖြစ်လို့လဲTaehyung sii? တစ်ခုခုလုပ်စရာရှိလို့လား?"

"ဟင့်အင်း ဆရာအိပ်ချင်အိပ်နှင့်ပါ ကျွန်တော်Hyungကိုစောင့်အုံးမှာ"

Taehyungစကားကြောင့် Jungkookစဉ်းစားရကြပ်သွားသည်။ ဒီကောင်လေးကိုဒီတိုင်းထားခဲ့လို့မဖြစ်။  သူစရောက်သည့်ညကလဲ TaehyungကMin Yoongiဆိုသည့်လူကိုစောင့်မယ်ဆိုလို့ သူယုံကြည်စွာဧည့်ခန်းမှာထားခဲ့လိုက်သည်။ သို့သော်ညသန်းခေါင်းကျော်ချိန် ရေဆာလာသည်ကြောင့် မီးဖိုခန်းသို့ရေထွက်သောက်တော့ ဧည့်ခန်းကဆိုဖာပေါ်တွင် ကွေးကွေးလေးအိပ်နေသည့် Taehyungကိုမြင်တော့ သူအနားအမြန်သွားတော့ မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းလေးတွေက မခြောက်သေး။ ထို့နောက်သူသဘောပေါက်လိုက်သည်။ Taehyungစောင့်နေသည့်လူ အိမ်ပြန်လာမည်မဟုတ်။

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now