(( 14 ))

6.2K 693 50
                                    

Unicode

"Babe!! Babe!!!"

ဆေးခန်းလေးထဲသို့ အပြေးဝင်လာသည့်Yoongi၏ပုံစံမှာ အမှန်ပင်စိုးရိမ်သောကတို့ဖြင့်ပြည့်နှပ်နေသည်။

အခုရက်ပိုင်း ထုတ်ကုန်အသစ်ထုတ်နေသည့်ကာလမလို့ အလုပ်တွေကပုံနေသည်။နေ့ခင်းအစည်းအဝေးလုပ်နေရင်း Jiminဆီကဖုန်းဝင်လာသည်မလို့ ထူးဆန်းသွားရသည်။ ဒီကလေးက ဒီအချိန်ဆိုကျောင်းတက်နေမည်။ ပြီးတော့ ဒီလိုအချိန်မျိုးလဲ ဖုန်းဆက်လေ့မရှိသူမလို့ ထူးဆန်းသည်ထက်စိတ်ပူတာကြောင့် အစည်းအဝေးလုပ်နေရင်းပင် ဖုန်းတန်းကိုင်မိသည်။

သူဖုန်းကိုင်မိလိုက်တာ မှန်သွားသည်။ အမှန်တော့Jiminဆက်သည်မဟုတ်။ အတန်းထဲတွင် စာသင်နေရင်းခေါင်းအရမ်းကိုက်သည်ဟုဆိုကာ မေ့လဲသွားခြင်းကြောင့် ကျောင်းဆေးခန်းမှဆက်သွယ်လာခြင်းဖြစ်သည်။ ထို့ကြောင့် အစည်းအဝေးခန်းထဲမှ အလျင်စလိုပြေးထွက်လာခဲ့မိသည်မှာ ကျောင်းဆေးခန်းရောက်သည်အထိ။ ဆေးခန်းရောက်တော့လည်း ဖြူဖျော့ကာလဲလျောင်းနေသူလေးကြောင့် သူ့မှာအမောပိုစို့ရသည်။ သို့သော်မမောနိုင်သေး။ Jiminအခြေအနေကို အရင်သိမှဖြစ်မည်။ Jiminခုတင်ဘေးနားလေးသွားကာ အခန်းထဲမှစောင့်ပေးနေဟန်ရှိသော ဆရာမလေးအားအခြေအနေကိုမေးမြန်းရသည်။

"ဆရာမ Jiminieဘာဖြစ်တာလဲ?"

"ကိုကို!"

"ခေါင်းခဏခဏကိုက်တယ်လို့တော့ သူပြောတယ်။ အခုတော့အဖျားသွေးလေးလည်းနည်းနည်းရှိလို့ ခေါင်းကိုက်တာဖြစ်နိုင်ပေမဲ့ ခေါင်းမကြာခဏကိုက်တတ်ရင်တော့မပေါ့ပါနဲ့ ဆေးရုံမှာmedical check upကျိန်းသေးလုပ်ပေးပါနော်

အခုတော့စိုးရိမ်စရာမရှိတော့ပါဘူး သောက်ဆေးလည်းပေးထားပါတယ် ဆေးလည်းသွင်းပေးထားပါတယ်"

ဆရာမလေးကလည်း အုပ်ထိန်းသူရောက်လာပြီဖြစ်တာကြောင့်ရှင်းပြပြီး ပြန်ထွက်သွားပြီဖြစ်သည်။

"ကိုကို"

"ဘယ်လိုဖြစ်တာလဲBabeရယ် Babeမေ့လဲသွားတယ်ဆိုလို့ ကိုယ်ဘယ်လောက်တောင်စိတ်ပူသွားရလဲ? ပြောပါအုံး ဘယ်တုန်းကတည်း ခေါင်းစကိုက်နေတာလဲ?"

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now