(( 5 ))

7.8K 830 33
                                    




// Unicode //


အခန်းမီးမှိန်ပြပြလေးအောက်တွင် အဖျားရှိန်ဖြင့်နှစ်ခြိုက်စွာအိပ်ပျော်နေသည့် Taehyungသည်သူ့လက်ကိုဆွဲကိုင်အိပ်ပျော်နေပါသည်။ သူဒီအိမ်ကို စရောက်တည်းက ဘယ်သောအခါမှ အိမ်ပြန်မအိပ်သည့်Taehyung၏အမျိုးသားကို အားနာလှသော်လည်း ညတိုင်းကြောက်လို့ဟုဆိုကာ အဖော်မဲ့နေရှာသော ဒီကလေးငယ်ကိုတော့Jungkook လစ်လျူမရှုနိုင်ခဲ့။

ကုတင်ဘေးနားလေးပေါ်တွင်Taehyung အိပ်ပျော်သည်အထိစောင့်ပေးရသည့်အတွက် တချို့ညတွေဆိုသူပါကုတင်ပေါ်ခေါင်းလေးမှီပြီအိပ်ပျော်သွားခဲ့ရသည်။ အိပ်ပျော်နေသည့် Taehyungမျက်လုံးပေါ်တွင်ကျနေသည့် ဆံပင်လေးတွေကိုသပ်ပေးကာ သူသဘောကျစွာပြုံးလိုက်မိသည်။ အေးချမ်းစွာ အိပ်ပျော်နေသည်ပဲ။ ဒီအိမ်ရောက်တည်းက ဒီကလေးရဲ့အပြုံးတွေကို သူတခါမှမတွေ့ဖူးသေး။ မည်ကဲ့သို့သော စိတ်စွမ်းအင်တွေကြောင့်လဲတော့မသိ သူTaehyungလေးကိုပြုံးပျော်နေစေချင်ပါသည်။ သူများမိသားစုအတွင်းရေးတွေထဲ ဝင်မပါသင့်ပေမဲ့ Taehyungလေးပျော်ရွှင်အောင်လုပ်ပေးဖို့တော့ သူကြိုးစားခွင့်ရှိတယ်မလား?

-

-

-

-

"CEO Min သောကြာနေ့ညနေ Hopeကုမ္ပဏီနှစ်ပတ်လည်ပွဲတက်ဖို့ရှိပါတယ် ဖျက်လို့မရပါဘူးCEO"

" Hope? အာ ဟိုးတလောက Weddingဖိတ်တုန်းကလား? "

"Nae အဲ့တုန်းကလည်းCEOမသွားလိုက်ပါဘူး  ဂုဏ်ပြုပန်းစည်းပို့လိုက်ပါသေးတယ် ပြီးတော့Hopeကဆက်ခံသူရဲ့အမျိုးသားကျန်းမာရေးမကောင်းလို့ ဆေးရုံတက်တုန်းကလည်း သတင်းသွားမမေးဖြစ်ပါဘူး ဒီတခေါက်နှစ်ပတ်လည်ပွဲတော့ တက်မှဖြစ်မယ်ထင်ပါတယ်"

အမျိုးသားဆိုတော့ Yoongiမျက်မှောင်ကြုံ့သွားရပါသည်။ သူသိသည်က Hopeရဲ့ဆက်ခံသူကသားမဟုတ်ဘူးလား? သမီးရှိသေးတာလား? မင်္ဂလာပွဲမတက်လိုက်ရသည့်အတွက် သူမသိလိုက်။ အဲ့ချိန်တုန်းက သူလည်းသူ့အပူနဲ့သူမလား? ဆက်ခံသူရဲ့မင်္ဂလာဆောင်ဆိုတော့ သူတို့ကုမ္ပဏီshareရှင်တွေကတစ်ဦးဖြစ်သည့် Jung Hoseok?

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now