(( 27 )) - Final

17K 1.1K 166
                                    

Unicode

ဆေးရုံခန်းလေးအတွင်း တိတ်ဆိတ်မှုတို့ကနေရာယူသည်။ သို့သော်အခန်းတွင်းရှိသူများအားလုံး စိတ်လှုပ်ရှားနေကြသည်။

ဒီနေ့ကTaehyungမျက်စိပတ်တီးဖြည်မည့်နေ့။ တိတိကျကျပြောရပါလျှင် Taehyungလောကကြီးနှင့် ပြန်ဆက်သွယ်နိုင်တော့မည့်နေ့လေးပင်။

Appaရယ်Ommaရယ်ကခုတင်တစ်ဖက်တွင် စိတ်လှုပ်ရှားစွာရပ်နေကြသည်။ Yeonjunကတော့ အခန်းထောင့်လေးကနေစောင့်ကြည့်နေသည်။

"သား ဒေါက်တာပတ်တီးစဖြည်ပြီနော် မျက်စိတန်းမဖွင့်နဲ့အုံးနော် ..."

ဒေါက်တာကြီးက တဖြည်းဖြည်းပတ်တီးစလေးကိုလှည့်ပတ်ကာဖြည်လို့အပြီးတွင်တော့ မှိတ်ထားသည့်မျက်ခွံလေးတစ်စုံသာကျန်ရှိတော့သည်။

"စိတ်လှုပ်ရှားနေပြီလားကလေးလေး? ဖြည်းဖြည်းချင်းဖွင့်မယ်နော် တအားမြန်မြန်မဖွင့်ပဲ ဖြည်းဖြည်းချင်းစမ်းဖွင့်ကြည့်မယ်"

ဒေါက်တာပြောတော့ လှုပ်ရှားလာသည့်Taehyungမျက်ခွံလေးတွေ။ ထို့နောက်ပုတ်ခတ်ပုတ်ခတ်ဖြင့် မျက်လုံးလေးနှစ်လုံးသေချာပွင့်လာခဲ့လေသည်။

"အဆင်ပြေလားသား? ဒေါက်တာ့ကိုမြင်ရလား? သားOmma Appaကိုရောမြင်ရလား တစ်ချက်ကြည့်ပါအုံး"

ဒေါက်တာပြောတော့ Taehyungခေါင်းလေးကခုတင်တစ်ဖက်ကOmmaတိ​ု့ဖက်သို့လှည့်ကြည့်သည်။

"Omma! Appa! "

ထို့နောက် အမေနှင့်အဖေကိုဖက်ကာရင်ခွင်ထဲပြေးဝင်သွားသည့် Taehyungကိုမိဘတွေကလည်းပြန်ဖက်ရင်းငိုကြသည်။ Yeonjunကပါအနားသို့ ရောက်လာပြီးဖက်သည်။နောက်ဆုံးတော့ သူမတို့ကလေးလေးပြန်မြင်ရပြီ။ ခွဲစိတ်မှုအောင်မြင်ခဲ့ပြီ။

"သား မငိုရဘူး။ မျက်ရည်ကျလို့မရသေးဘူးနော်။ မျက်လုံးလေးတွေကနုသေးတယ်လေ ခွဲစိတ်ထားတာမကြာသေးဘူး မငိုရဘူးနော်"

ထို့အခါမှTaehyungအငိုတိတ်သွားသည်။ မျက်လုံးလေးကအခန်းသို့ဝေ့ကြည့်ရင်း တစ်စုံတစ်ယောက်ကိုရှာနေဟန်။

ခွဲစိတ်မှုအောင်မြင်သွားသော်လည်း မျက်နှာလေးထက်မှာ ပျော်ရွှင်မှုထက်ဝမ်းနည်းမှုတို့သာကြီးစိုးနေသည့်Taehyungစိတ်ကို မည်သူမှနားလည်နိုင်မည်မထင်။

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now