(( 12 ))

6.5K 716 33
                                    

||Unicode||

"ဟွန့် Jeonလို့ ......ဒီနေ့တစ်ရက်လေးမပြန်နဲ့လေလို့
Jeonပြန်လို့ ကော်ဖီသောက်ချင်လာရင်ဘယ်သူဖျော်တိုက်မှာလဲလို့...."

မနက်ခင်းအစော Taeကိုအိပ်ယာသွားနှိုးကတည်းက အိပ်ယာပေါ်ကမထသေးဘဲ သူ့ကိုလာနှိုုးသည့် Jungkookလက်တစ်ဖက်လုံးကိုဆွဲဖက်ထားပြီး လက်မောင်းပေါ်ခေါင်းပြာပြာလေးမှီလျက် အိပ်ချင်မူးတူးနှင့်ချွဲနေခြင်းဖြစ်သည်။

ယနေ့သည် Jungkookအိမ်ပြန်ရမည့်နေ့
ဖြစ်သည်မလိို့ Jungkookကို တွယ်တာလွန်းရှာသည့်Taehyungလေးမှာသူ့အစ်ကိုMi Yoongiအိမ်မှာရှိသည်ကိုလည်း မသိသေး။ သတိလက်လွတ်စွာ Jungkookအိမ်မပြန်ရေး Taeအရေးဆောင်ပုဒ်ဖြင့် အပီချွဲနေတော့သည်။

တစ်နေ့ထက်တစ်နေ့ ရင်းနှီးလာသည့်Taehyungနှင့်Jungkookတို့ဆက်ဆံရေးတွေကြားတွင် Jungkookဖျော်တိုက်သည့်ကော်ဖီအနံ့ သစ်သီးစိမ်းနံ့သင်းနေသည့်Jungkookရဲ့ကိုယ်သင်းနံ့နှင့် Jungkookဆီမှညစဉ်ညတိုင်းနဖူးပြင်ထက်ရရှိနေကျဖြစ်သည့် အိပ်ယာဝင်အနမ်းနုနုတို့သည် Tae Taeလေးအနှစ်သက်ဆုံးအရာတွေပင်ဖြစ်သည်။

ယခုလည်းမျက်နှာသစ်သွားတိုက်ခြင်းအမှုကိုပင် ကိုယ်တော်လေးကကိုယ်တိုင်မဆောင်ရွက်တော့။ ခေါင်းမူးသည် ခေါင်းကိုက်သည် မနေ့ကမြင်းစီးကွင်းမှာမြင်းစီးခဲ့သဖြင့် ခြေထောက်နာသည်လက်နာသည်ဖြင့် အကြောင်းပြချက်မျိုးစုံပေးနေသည်မလို့ Jungkookကကျောပိုးကာရေချိုးခန်းထဲသို့ပို့ပေးရသည်။ ထို့နောက်ဘေဇင်ပေါ်သို့Taehyungကိုတင်ကာ သူကရှေ့တွင်နေရာယူလျက်မျက်စိလေးမှိတ်ကာမှိန်းနေသေးသည့်ကောင်ငယ်လေးကို မျက်နှာသစ်ပေးရသည်။

"ကိုယ်ဒီနေ့ပြန်မှာဖြစ်မှာမလို့ပါTaeရဲ့ အရေးကြီးကိစ္စလေးတစ်ခုရှိလို့ပါ မဟုတ်ရင်ကိုယ်ကဒီအချွဲလေးကိုထားသွားမလား??"

သူပြောတော့ မျက်စိကမပွင့်သေး မျက်မှောင်ကြုံ့ကာနှုတ်ခမ်းကစူလာသည်။ Taehyungရဲ့ပုံလေးကအမှန်ပင် ချစ်စရာကောင်းတာကြောင့် ဘေဇင်ရှေ့မှTaehyungရဲ့ခြေထောက်နှစ်ဖက်ကြားဝင်ရပ်ကာ ပါးနှစ်ဖက်ကိုဖျစ်ညစ်လိုက်သည်ကြောင့် နီးကပ်သွားသည့်မျက်နှာနှစ်ခု။

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now