(( 10 ))

7K 712 50
                                    




|| Unicode ||

ဒီနေ့အပြင်ထွက်လည်မှာမလို့ Taehyungမျက်နှာလေးကြည်လင်ရွှင်ပျနေသည်။ Taehyungကိုရေမိုးချိုးပြင်ဆင်ပေးပြီးတော့ Jungkookကသွားပြင်ဆင်နေသည်။

"Taeသွားရအောင် ကိုယ်ပြီးပြီ "

Jungkookကအခန်းထဲက ကားသော့လေးကိုင်ကာထွက်လာရင်းပြောတော့Taehyungက လမ်းလျှောက်တုတ်လေးကိုင်ကာ ထိုင်နေရာမှထလာသည်။ Taehyungအနားသို့ရောက်လာတော့ Jungkookက Taehyungလက်လေးကိုဆွဲကာ အဒေါ်ကြီးကိုနှုတ်ဆက်ရင်း အိမ်ရှေ့သို့ခေါ်သွားသည်။

"အဒေါ်ကြီး ဒါဆိုကျွန်တော်တို့သွားလိုက်ပါအုံးမယ် လိုတာရှိရင်လည်းကျွန်တော့်ကိုဖုန်းလှမ်းဆက်လိုက်ပါ နေ့လည်စာကတော့ကျွန်တော်တို့အပြင်မှာပဲစားခဲ့လိုက်တော့မယ်ဗျ"

"ဟုတ်ပါပြီရှင် Tae Taeလေးကောင်းကောင်းပျော်ခဲ့နော် အရသာရှိတာတွေလည်းအများကြီးစားခဲ့နော် "

"Nae အဒေါ်ကြီး"

ကားပေါ်သို့တက်ခါနီး ကားတံခါးလေးဖွင့်ပေးတော့ Taehyungကတုံ့ခနဲရပ်သွားသည်။ Jungkookကိုင်ထားတဲ့လက်လေးတွေကလည်း အေးစက်ကာတင်းကြပ်လာသည်။

Taehyungမျက်လုံးထဲပြန်မြင်ယောင်လာသည်ကအက်ဆီးဒင့်မဖြစ်ခင်က ကားပေါ်တက်ကာသူကားမောင်းသွားခဲ့သည့်ပုံရိပ်။ ထို့နောက်ကားလေးကိုတစ်ဖက်လမ်းသို့ကွေ့တုန်း သူ့အားဝင်တိုက်ချသွားသည့်ကုန်ကားကြီး။

ရုတ်တရက်ပြန်ပေါ်လာသည့် အက်ဆီးဒင့်ပုံရိပ်တွေကြောင့်လူကခြေထောက်တွေပါတုန်ယင်လာသည်။ ကားပေါ်တက်လိုက်ရင် ထိုအဖြစ်ဆိုးကြီးထပ်ဖြစ်မှာကိုကြောက်သည်။ ဒါသည်သူကားပေါ်တက်ခါနီးတိုင်း ဖြစ်သွားသည့်Traumaတစ်ခု။

Jungkookကထိုအခြင်းအရာကိုရိပ်မိပုံံပေါ်သည်။ Taehyungရဲ့အက်ဆီးဒင့်ဖြစ်စဉ်အကြောင်း သိချင်သည်မလို့ အဒေါ်ကြီးဆီမေးထားဖူးသဖြင့်တပိုင်းတစသိထားဖူးသည်။

Taehyungကိုလက်လေးနှစ်ဖက်ကနေ ဆွဲကာတင်းတင်းလေးဆုပ်ကိုင်ပြီး သူ့ရှေ့သ်ု့မျက်နှာချင်းဆိုင်ရပ်စေလိုက်သည်။

"Tae ကြောက်နေသေးတာလား ကားစီးရမှာ?"

"Jeon ...အဲ့ အဲ့ကားကြီးလာတိုက်လိမ့်မယ် ကားကြီးကကျွန်တော့်ကို.."

𝑳𝒐𝒗𝒆 𝑰𝒏 𝑺𝒂𝒅𝒏𝒆𝒔𝒔 {Completed}Where stories live. Discover now