Part-1

17.8K 467 7
                                    

ယူနီ

ဟန်ဆောင် အမုန်း

အပိုင်း ၁

"ပါးပါး သားတို့ ဟိုရောက်ရင် ရေထဲဆင်းဆော့မယ်နော် . . .

"ဒါပေါ့ သားkitက ပါးပါးနဲ့ပဲဆော့မှာမလား … …

"ဟီ့ ဟုတ်တယ် မားနဲ့ဆော့ဘူး … …

"နေ့ပေါ့ မားကလည်းမဆော့ပါဘူး … …

"ဟီ့ မားစိတ်ကောက်သွား .  . .

"အမလေးကောက်စရာလား … …

"ကောက်ပါတယ်မိန်းမရာ ဟား ဟား … …

ဒါသားရဲ့ပျော်ရွှင်ရဆုံး အချိန်ပဲ။ မားကိုပါးကစလိုက် သားကစလိုက်နဲ့ ။ မားကစိတ်ကောက်လိုက်ပြန်ချော့လိုက်နဲ့ သားတို့ကားလေး ချောင်းသားကိုအပြေးနင်နေတော့သည်။ပါးကမားကိုကြည့်ပြီးစနေချိန်မှာပဲ
မားရဲ့စူးဝါးတဲ့ အော်သံထွက်ပေါ်လာခဲ့သည်။

"မောင်အရှေ့မှာ ကား … …

Kitတို့စီးလာတဲ့ကားလေးဟာ တစ်ဖက်လမ်းကို လမ်းချောနေမုန်း သူရဲ့ပါးပါးကမသိလိုက်ပါ။ စူးဝါးတဲ့ kitအမေရဲ့ သတိပေးသံကြားကြားချင်းမှာပဲ Kitပါးပါးကားကိုထိန်းလို့မရတော့ပါ။ သူတို့ကားလေးကိုအရှိန်ပြင်းပြင်းဖြင်
တိုက်မိသွားခဲ့သည်။ Kristတို့ကားလေး လေပေါ်မှာပင် ကျွင်းများပြစ်သွားခဲ့သည်။

သားမျက်လုံးများဖွင့်ကြည့်လိုက်တော့ လမ်းမပေါ်မှာ လဲကျနေခဲ့သည်။ တစ်ကိုယ်လုံး ကိုက်ခဲမူတို့က နေရာယူနေခဲ့သည်။ ပါးစပ်မှလည်း သွေးများက တားလို့မရအောင် ထွက်ကျလာသည်။ သား မားနဲ့ပါး။

သားပတ်ဝန်းကျင်ကို လဲနေရာမှ ခေါင်းကိုမနည်းထောင်ကြည့်မိသည်။ မှောက်ရပ်ကြီးဖြစ်နေသော ကားရဲ့အထဲမှာ ညပ်နေတဲ့ ပါးနဲ့မား ။
ပါးနဲ့မားရဲ့ မျက်နာတွေကော ခေါင်းတွေမှာပါ တစ်ကိုယ်လုံးမှာပါ မုန်စများစိုက်နေခဲ့သည်။

မားနဲ့ပါးမသေရဘူး ကယ်ပေးကျပါ ကယ်ကျပါအုံး … …

ပါးစပ်မှ မထွက်နိုင်၍ စိတ်ထဲမှသာ ရေရွတ်နေမိသည်။ထိုစဉ် ကားတစ်စီး

"အားးးး မီးတွေမီး ကယ်ကျပါအုံးအားးး … …  …

"သားkitလေး သတိထားပါအုံးကွယ် ကလေးလေး ထထ သတိထားအုံး … …

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now