Part-9

3.4K 180 2
                                    

ယူနီ

ဟန်ဆောင်အမုန်း

အပိုင်း ၉

ကျနော် သူပြောတဲ့ စကားများကို နားထဲစွဲနေတုံးပါ။ နောက်ခန်းမှာ အကိုJungပါလာသည်။ အကိုလည်းမူးနေတာကြောင့် တွဲခေါ်ပြီးကာ ကို ကိုယ်တိုင်မောင်းလာချင်းသာ.။

အိမ်ကိုရောက်တော့ အကိုကို သူအခန်းထဲ ပို့ကာ အကိုအဝတ်အစားတွေ လဲပေးလိုက်သည်။ ထိုစဉ်အကိုက ကျနော့်လက်ကို ဆောင့်ဆွဲလိုက်တော့ ကျနော်အကိုjung ဘေး ကျသွားသည်။

"အကို ဘာဖြစ်လို့လဲ နေမကောင်းလို့လား ဘာလုပ်ပေးရမလည်း ဟင်အကို … …

"တောင်းပန်ပါတယ် ညီရယ် အကိုကို အကိုတစ်ယောက်လို ချစ်ရင် ငြိမ်နေပေးပါကွာ ညီကိုခုလိုဖတ်ချင်တာ ကြာပြီ … …

အကိုကျနော့်ကိုဖက်ပြီးပြောနေချင်းသာ။
ညီအကိုလိုဆိုတော့လညါး အကိုလည်းညီတစ်ယောက်မောင်နှမတစ်ယောက်မရှိခဲ့တော့ ကျနော့်လို ရင်ခွင်တစ်ခုတောင့်တနေမယ်ဆိုတာသိသည်။

"ရပါတယ်အကိုရယ် ညီက အကိုညီပဲလေ အကိုဖက်ပိုင်ခွင့်ရှိပါတယ်  … …

ထိုညတော့ အကိုတင်းကျပ်စွာ ဖတ်ထားတာကြောင့် အကိုအိပ်သည်အထိစောင့်နေခဲ့လိုက်သည်။ အကိုအိပ်လောက်ပြီထင်မှ ကျနော်ထလာလိုက်သည်။ ကျနော့်အခန်းထဲ ပြန်ရောက်တော့ အိပ်မပျော်နိုင်ပါ နားထဲကြားယောင်နေဆဲသာ။

ချစ်တယ်တဲ့ ပျော်ချင်ပေမယ့် မပျော်နိုင်ဘူး သူ့လိုလူအတွက် အချစ်စစ်ဆိုတာရှိမှာ မဟုတ်ဘူးလေ။ ဘာပဲဖြစ်ဖြစ် ခဗျားချစ်တယ်ဆိုတာကြီး အသုံးချပြီး ခဗျားကိုနာကျင်စေရမယ် … …

တဖြည်းဖြည်းအိပ်စက်ချင်းဆီသို့ …zzz

######

Jung

ညီလိုက်ပို့တာကြောင့် နောက်ခန်းမှာ နေရင်း သူကိုမှန်ကတစ်ဆင့်ကြည့်နေမိသည်။
သူမျက်နာလေးက သိပ်ချစ်စရာကောင်းတာပဲ။ ညီမျက်နာလေးကို ညီအသံလေးကို ညီရဲချစ်စရာကောင်းတဲ့ စိတ်လေးကို ညီဆိုတဲ့ လူလေးကိုချစ်မိတာ အခုမှမဟုတ်ခဲ့ဘူးဆိုတာ အကိုအသိဆုံးပါ။ ညီကတော့သိမယ်မထင်ဘူး။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now