Part-15

2.9K 144 9
                                    

ယူနီ

ဟန်ဆောင်အမုန်း

အပိုင်း၁၅

Krist

ဆေးရုံတတ်ရတာ ၃ရက်ပြည့်ပြီ အကိုjungမလာသေးပါ။ နေ့တိုင်းမျျှော်နေပေမယ့် အကို့ကို မတွေ့ လာလည်းမလာ။ အကိုကျနော် သတိရတုံးက ကိစ္စကို စိတ်ဆိုးသွား ဟန်တူသည်။

အကိုရယ် သူကိုမချစ်တော့ဘူးလို့ ကတိပေးထား မတည်နိုင်တာ ညီတောင်းပန်ပါတယ်။ အကိုစေတနာတွေကို နားလည်ပါတယ်။ ညီသူကို မချစ်ပဲမနေနိုင်ဘူး။

အကိုလက်စားမချေချင်ပဲ ညီက အကိုမိဘတွေအတွက် ချေခိုင်းမိတာ ခုတော့ နောင်တရနေမိပြီဗျာ။ အကို့လို လူအေးတစ်ယောက်ကို ညီမကောင်းတဲ့ထဲ ထိုးထည့်မိပြီပဲ။

အချိန်မှီတုံး ညီအကို ကိုနားချပမယ်။ ညီကိုစိတ်ဆိုးနေတုံးလားဗျာ။

ကျနော် ကုတင်ပေါ်မှီ လှဲရင်း စိတ်မကောင်းစွာ တွေဝေနေမိသည်။
ထိုစဉ် Singရောက်လာသည်။ လက်ထဲ ဆေးနဲ့ ဆန်ပြုတ်ပန်းကန်ပါလာသည်။

ဆေးရုံတတ်တည်းက ကျနော့်ကို နေ့တ်ိုင်း သူအိမ်မပြန် ပဲစောင့်ပေးတာခုထိပါ။ အလုပ်ဆင်းပါလို့ ပြောတာတောင် နားရက်ယူထားတဲ့ သူကို ကျနော်မနိုင်ပါ။ ဆေးသောက်ချိန်မို့ သူကျနော်ဆီလာကာ ဘေးမှာ ဝင်ထိုင်နေတော့ ကျနော်ပြုံးပြလိုက်သည်။

"Krist ဆန်ပြုတ်စားရအောင် … …

"အင်း … …

"ငါ … … အိမ်ပြန်ချင်ပြီ  … …

"ဘာလို့လဲkit မင်းအကို ကိုလွမ်းနေပြီလား … …

"အကိုက ငါ့ကိုညီတစ်ယောက်လို ကောင်းခဲ့တာ သူအိမ်မှာ တစ်ယောက်တည်းလေ ငါစိတ်ပူလို့ … …

ကျနော် ပြောလိုက်တော့ သူကျနော့် ခေါင်းလေးကိုပွတ်ကာ

"ကောင်းပါပြီ ကိုလိုက်ပို့ပေးမယ်နော် ခုတော့ ဆန်ပြုတ်အရင်စား …  …

"အင်းပါ … …

ကျနော်လည်း အိမ်ပြန်ဖို့သာ စိတ်ရောက်နေတော့သည်။ထိုစဉ် တံခါးကိုဖွင့် ဝင်လာတဲ့ လူကြောင့် အံသြမိသွားသည်။

သူကတော့Mookပါ။ သူမမျက်နာက အရင်လို မာထမ်မနေ သို့ပေမယ့် စိုးထိပ်မိသည်။ သူမ ကျနော့်ကို ဘာတွေပြောပြီး ဘာတွေထပ်လုပ်အုံးမလဲတာပေါ့။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now