Part-5

4.6K 272 3
                                    

ယူနီ

ဟန်ဆောင် အမုန်း

အပိုင်း၅

Krist

ကျနော် မျက်ခွံများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်တော့ ဝေဝါးစွာ မြင်နေရတဲ့ မြင်ကွင်း တဖြည်းဖြည်း အဖြူမျက်နာကျပ် ပေါ်လာခဲ့သည်။ 

ငါဘယ်ရောက်နေတာလဲ

ကျနော်ဘေးဘက်တွေ ခေါင်းလှည့်လိုက်တော့ ယူဘက်မှာ ကုတင်ပေါ်လက်တင်ကာ လှဲအိပ်နေတဲ့ လူတစ်ယောက်
သူဘယ်သူလည်းမသိပါ။ ဘေးကို ကြည့်လိုက်တော့ ခမ်းနားသပ်ရပ်စွာ ပြင်ထားတဲ့ အခန်းလေး ။ အပြာရောင် လိုက်ကာကြီး ကြားကနေ ထိုးထွက်လာတဲ့ နေရောင်ကြောင့် အခန်းက သိပ်မှောင် မီးလည်း ထွန်းထားတာမို့ အရာရာတိုင်းကို ကောင်းစွာမြင်ရသည်။

ကျနော် ထိုင်ဖို့ ပြင်လိုက်တဲ့အချိန် အိပ်နေတဲ့ လူက နိုးလာခဲ့သည်။

"ဟာ ညီလေး နိုးပြီလား နေရတာကောင်းရဲ့လား … …

စိုးရိမ်တကြီးနဲ့ ပြောလာတဲ့အဲလူကို ကျနော်ခေါင်းညိမ့်ပြလိုက်သည်။

သူရဲ့မျက်နာထားက လေ့ထောင်ကျကျရှိသည်။ နူတ်ခမ်း ပါးပါးနဲ့ ထင်ရှားတဲ့ နာတံ မျက်ခုံးမွေးထူထူ တွေနဲ့ ခပ်စိမ်းစိမ်းသန်းနေတဲ့ ရိတ်ထားတဲ့ ပသိုင်းမွေးအရာတွေ နဲ့ ချမ်းသားတဲ့ မိသားစုက လူတစ်ယောက်မုန်းသိသာသည်။ ဒါပေမယ့် သူမျက်နာက ထိုင်းလူမျိုးနု့မတူဘူး စကားသံကလည်း ဝဲနေသည်။
ကျနော်လည်း

"ခဗျားက ဘယ်သူလဲ ကျနော် ဒီကိုဘယ်လိုရောက်တာလဲ … …

"ညီလေးကို အကိုအိမ်အပြန်လမ်းမှာ လူတစ်ယောက်နဲ့ ပြသာနာဖြစ်နေတာတွေ့လိုက်လို့ အကိုအိမ်ကိုခေါ်လာတာ ငါ့ညီမေ့နေတာ သုံးရက်ရှိပြီ … …

"ဗျာ သုံးရက်တောင် … …

"ညီလေး အိမ်ကဘယ်မှာလည်း အကိုလိုက်ပို့ပေးမယ်လေ မိဘတွေ စိတ်ပူနေမှာပေါ့ … …

ပြန်လိုက်ပို့မယ် မဖြစ်နိုင်ဘူး သူကိုကျနော် ကြောက်တယ် ပြီးတော့ အဲအိမ်ကိုထက်မသွားချင်ဘူး မနေချင်တော့ဘူး

ကျနော်မျက်ရည်များကျလာမိသည်။ ထိုလူကတော့

"ညီလေး ဘာလို့ငိုတာလည်း ဖြစါလို့လည်းနာနေလို့လား … …

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now