Part-18

2.7K 114 1
                                    

ယူနီ

ဟန်ဆောင်အမုန်း

အပိုင်း၁၈

Sing

မင်္ဂလာပွဲကို ကျနော် ဦးထုတ်အမည်းလေးဆောင်းကာ လူမသိအောင်လာခဲ့သည်။ မင်္ဂလာခန်းမအဝနားကနေ သူအလာကိုစောင့်နေမိသည်။

သူဟိုလူကို ဘာကြောင့်လက်ထက်ခဲ့လည်း ကျနော်သိလိုက်ပြီလေ။အဲအတွက် Mookကိုလည်းကျေးဇူးတင်တယ် ။
သူလေးကို ကျနော် က အတ္တကြီးတဲ့လူလို့ စိတ်ထဲကသတ်မုတ်လိုက်တာ။

ချစ်သူလေးရယ် အဲလိုထင်မိတဲ့ အတွက်ကို တောင်းပန်ပါတယ်နော် ။ဒီနေ့တော့မင်းကို ပြန်ခေါ်ပရစေ။

နောက်ကြောင်းပြန်ခြင်း

မိုးတွေမိပြီး ကျနော် ဖျားနေတော့သည်။ နှစ်ရက်လောက်ရှိပြီ သက်သာစပြုလာပေမယ့် ။ သူစိတ်ကြောင့် ကျနော်မပျော်ခဲ့ပါ။

စိတ်ထဲမှာ ပြောင်းလဲမြန်တဲ့ သူကိုမုန်းမိသည်။ သို့ပေမယ့် သူ့ကိုချစ်တယ်။ လက်လွှတ်လိုက်ရတော့မယ်ဆိုတဲ့ အသိကြောင့် စိတ်ထဲ နာကျင်မိသည်။

မျက်လုံးမိုတ်လိုက်တိုင်း သူရဲ့ဖြူစင်တဲ့ အပြုံးတွေ။ ငယ်ငယ်က သူခိုးနမ်းဖူးတဲ့ အကြောင်းလေးတွေ စွတေးလန်တဲ့ ပုံစံလေးတွေက တရိတ်ရိတ်မြင်ယောင်လာသည်။

မြင်လာတိုင်းလည်း ရင်ဘက်က တဆစ်ဆစ် နာလာသည်။ ချစ်သူ မင်းအရမ်းရက်စက်တာပဲကွာ။ မျက်ရည်စများက ပြတင်းပေါက် မုန်ကို ငေးကြည့်ရင်း အပြင်ဘက်ထွက်လာခဲ့သည်။

တံခါးခေါက်သံကြားလိုက်ရသည်။

ဒေါက် ဒေါက်

"ဝင်ခဲ့ပါ …

"Sing … …

ကျော်ပေးထားတဲ့ ကျနော်။ မိန်းကလေးအသံကြောင့် နောက်လှည့်ကြည့်လိုက်တော့ Mookပါ။သူမကို ကျနော်ပြုံးပြလိုက်မိသည် ကိုယ်ချင်းစာသော အပြုံးများရောနေသည်။

တစ်ဖက်သတ်အချစ်ကို နားလည်ဟန်ဖြင့်ပေါ့။

သူမကျနော့်အနားလာပြီး

"Sing မင်းအရမ်းနာကျင် နေတာလား … …

" … …

သူမကိုပြုံးသာပြလိုက်သည်။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now