Part-17

2.5K 121 0
                                    

ယူနီ

ဟန်ဆောင်အမုန်း

အပိုင်း၁၇

Sing

ဒီမနက်လည်း သူနဲ့တွေ့ရမလားလို့ သူအိမ်ဘက်သွားခဲ့ပေမယ့် မတွေ့ခဲ့ပါ။ အလုပ်သို့ပဲ ကားလေးကို မောင်းလာခဲ့သည်။

အလုပ်ရောက်တော့လည်း သူမရှိတဲ့
နေရာလွှတ်လေးကြောင့် လွမ်းလာမိသည်။ စိတ်လည်းပူလာမိသည်။

kit မင်းဘယ်တွေရောက်နေတာလည်း ငါ့ကိုတကယ်ပဲ ထားသွားပြီလားကွာ
ကိုယ့်အခန်းထဲ ကိုပြန်လာပြီး ထိုင်တုံးရှိသေးသည်။

"ဒေါက် ဒေါက် ဒေါက် …

"ဝင်ခဲ့ပါ …  … …

သူအကိုဝင်လာတာမို့ ကျနော်အားတတ်သွားသည်။ ဟုတ်တယ် သူ့အကြောင်းမေးလို့ ရပြီလေ။ သူအကိုက သူလက်ထဲက အပြာရောင် လေးထောက် စာအိတ်လေးကို ကမ်းပေးတာကြောင့် ကျနော်ယူလိုက်ကာ

"kitကော ဘာဖြစ်လို့ အလုပ်မလာတာလဲ နေမကောင်းသေးဘူးလားဗျ ဖုန်းလည်းပိတ်ထားတယ် … … …

သူက တစ်ချက်ပြုံံးပြကာ မျက်ခုံးကိုပင့်လိုက်ပြီး

"သိချင်ရင် အဲစာအိတ်ကို ဖွင့်ကြည့်လေ … …

စာအိတ်လို့ ပြောရအောင်လည်း ပျော့နေတာမျိုးမဟုတ် အထဲက ကုတ်ထူစက္ကူထည့်ထားဟန်။ ဘာလည်းဆိုတာတော့ သူပြောသလို ဖွင့်ကြည့်မှ သိမည်။ တစ်ခုခုဆိုတာ စိတ်ထဲတော့ ထင့်လာခဲ့သည်။

အပြာရောင် စာအိတ်အပါးလေးကို ဖွင့်လိုက်ကာ အထဲက ကုတ်ထူစက္ကူလေးကိုဟထုတ်လိုက်တော့ အဖြူရောင် လေး။ ထိုအဖြူခံလေးပေါ်မှာ ရွှေရောင်စာသားလေးဖြင့်ထိုးထားတာကတော့

  မင်္ဂလာဧည့်ခံပွဲ ဖိတ်ကြားလွှာ

Jung Kim Min
                          &
                              Krist Perawat

မင်္ဂလာနေ့ရက်   - 15. 5. 2019

မင်္ဂလာအချိန်     -နံနက် (9:00)နာရီ

မင်္ဂလာနေရာ     - Jung စံအိမ် /#%*

ရင်ထဲထိတ်ခနနည်းဖြစ်သွာကာ ခေါင်းတွေထူပူတတ်လာသည်။ ရင်ဘက်ထဲက စကားသံများက ပြောဖို့တောင် အားမရှိတော့။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeOù les histoires vivent. Découvrez maintenant