Part6

4.4K 264 3
                                    

ယူနီ

ဟန်ဆောင်အမုန်း

အပိုင်း၆

Sing

ကားနဲ့ကုမ္ပဏီကို အပြေးမောင်နင်းလာခဲ့သည်။ ရင်ထဲမှာလည်း ဒေါသတွေက ပြည့်နေသည်။ ကမ္ပဏီအဝင်ဂိတ်မှာ ကားအရှိန်အပြည့်နဲ့ရပ်လိုက်သည်။ ဂိတ်စောင့်ကောင်လေးရောက်လာတော့ ကျနော် ကားသော့ကို ပြစ်ပေးလိုက်သည်။ သူလည်းဖမ်းပြီးကားကို ကားပါကင်မှာ သွားထိုးလေသည်။

ကျနော် အစည်းအဝေးခန်းမသို့ ဖြည်းဖြည်းချင်းလျောက်လာခဲ့သည်။ အလာကို မဒီလေးနဲ့ စကားပြောရင်းလျှောက်လာခဲ့သည်။ ကောင်တာကမိန်းမငယ်လေးများနင့် လမ်းသွားလမ်းလာ မဒီလေးများကတော့ သူတို့မျက်လုံးများ ကျွတ်ကျမတတ်
ကျနော့်ကို ငမ်းနေကျသည်။ အစည်းအဝေးခန်းမရောက်တော့ ကျနော် ဖုန်းချလိုက်သည်။

အပေါက်နှစ်ပေါက်ရှိသည်။ တစ်ပေါက်မှာတော့ ကျနော့်ကျော်ပေးရပ်နေတဲ့ လူနှစ်ယောက် ဘယ်သူလည်းတော့မစူးစမ်းတော့ပဲ နောက်အပေါက်တစ်ခုကနေ ဝင်လိုက်ကာ ကျနော်ကိုသတ်မှတ်ပေးထား တဲ့ ခုံမှာထိုင်လိုက်သည်။

ဝင်လာသည်နင့် ကျနော်ကို စိတ်ပျက်စွာကြည့်ကျတဲ့ လူကြီးများအကြည့်ကလည်း နေသားကျ နေပြီမို့ ဂရုမစိုက်ပါ။ ထိုအထဲမှာတော့ ကျနော်နဲ့ စေ့စပ်ထားမိန်းကလေးက ကျနော်ကိုပြုံးပြရင်း ကြည့်နေသည်။ ကျနော်လည်းပြုံးပြလိုက်သည်။

ထိုစဉ်မှာပဲ လူနှစ်ယောက်ဝင်လာတော့ လူတွေအားလုံးမတ်တပ်ရပ်လိုက်ကျသည်။ ကျနော့်ဖခင်ကိုယ်တိုင်လည်းပါသည်။

ထိုလူကဝင် ဝင်ချင်း ကျနော့်ရှေ့က ခုံမှာလာရပ်ကာ

"မင်္ဂလာပါ Krist perawatပါ Jung ကမ္ပဏီရဲ့ ကိုယ်စားလှယ်ပါ … …

"ဘာ Krist perawat ဟုတ်လား … …

ကျနော့်ပါးစပ်က ထိုလူကိုမကြည့်ရသေးဘဲ အံသြစွာထွက်လာခဲ့သည်။ ထိုနာမည်က အရမ်းရင်နီးလို့ပါ။

ကျနော်မော့ကြည့်လိုက်တော့ ကားနဲ့တိုက်မိတဲ့ ကောင်။ သူက ဘာလို့ရုပ်ဆိုး နာမည်နဲ့တူနေတာလည်း ရုပ်ဆိုးများလား။ မျက်နာက ဘာလို့ ဒီလောက်ချောနေရတာလဲ။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now