Part-19

3.1K 123 4
                                    

ယူနီ

ဟန်ဆောင်အမုန်း

အပိုင်း၁၉

ချစ်သူလေးနဲ့ အတူဒီအိမ်လေးထဲနေလာတာ ဘာလိုလိုနဲ့တစ်နှစ်ရှိခဲ့ပြီလေ ပျော်စရာနေ့တွေက နာကျင်စရာနေ့လေးတွေကို အစားထိုးပေးခဲ့တယ်။

မနက်စောစော ခုလို နေ့တိုင်း လက်လေးတွဲကာ လမ်းလျှောက်ဖြစ်တဲ့ တိတ်ဆိတ်တဲ့ရပ်ကွပ်ဖြစ်တာကြောင့်ဆူညံတာတွေမရှိခဲ့ဘူးလေ။

ဒီလိုနေ့လေးမှာ ကျနော့်တို့လို လမ်းလျှောက်တဲ့ လူတွေအနည်းငယ် ရပ်ကွပ်ရဲ့ လမ်းမှာ ရှိနေတတ်သည်။ လေးမြတဲ့လေထုကို ချစ်သူလေးနဲ့အတူရှူရှိုက်နေမိတာ ဘေးကဖြတ်သွားဖြတ်လာတွေရဲ့ အကြည့်တွေကိုတောင် မေ့ပျောက်ထားသည်။

သွားနေရင်း သူလေးရပ်သွားသည်။ ဖြစ်လို့လဲ ဆုတဲ့ အကြည့်နဲ့ သူလေးကို ကြည့်လိုက်တော့ လက်တွန်းလှည်းလေးပေါ်က ကလေးလေးကို စူးစိုက်ကြည့်နေတယ်လေ ပါးစပ်ကလည်း ပြုံးလို့။

သူလေးကလေးချစ်တတ်တာ ကျနော်သိတာပေါ့ ဒါကြောင့် လက်တွန်းလှည်းလေးဘေးနားက ကလေးလေးကို အတူဘေးမှာ ငုတ်တုပ်ထိုင်ကာ ကြည့်နေတော့ ကလေးရဲ့မိခင်က ပြန်ပြုံးပြီးကြည့်နေတယ်

"အမ ကလေးကအသက်ဘယ်လောက်လဲ ချစ်စရာလေး … …

သူလေးရဲ့အမေးကို ထိုအမက

"တစ်နှစ်နဲ့ သုံးလလေ ဒါနဲ့ မောင်လေးတို့က … …

ထိုအမရဲ့အမေးကြောင့် ချစ်သူလေးမျက်နာလွှာချလိုက်သည်။ ကျနော်လည်း

"ချစ်သူတွေပါ … …

သူ့လက်ကိုဆွဲကာ မြှောက်ပြလိုက်တော့ ထိုအမက အံသြနေဟန်

"ဟိုကို သြားက်စို့ … …

"အင်းပါ …

"ခနကောင်လေးတွေ … …

ထိုအမအမေးကြောင့် ထရပ်ကာထွက်သွားဖို့ လုပ်တဲ့ ကျနော်တို့ ရပ်တန့်သွားရသည်။

ထိုအမက သူ့လက်တစ်ဖက်ထဲမှာပဲ ပတ်ထားတဲ့ ကြိုးလက်ကောက်လေး နှစ်ကွင်းကိုချွတ်ပေးပြီး သူလေးလက်ကိုတစ်ကွင်းကျနော့်လက်ကို တစ်ကွင်းဆွတ်ပေးလာသည်။ ကျနော်က အနီရောင်က်ျးထားတဲ့ကြိုးလေး သူလေးကပန်းဆီရောင်လေးပါ တွဲလောင်းကျနေတဲ့ လော့ကပ်အသဲတစ်ခြမ်းလေးက နှစ်ခုပူးလိုက်ရင်တစ်ခုဖြစ်သွားသည်။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now