Part-11

2.9K 146 1
                                    

ယူနီ

ဟန်ဆောင် အမုန်း

အပိုင်း၁၁

Krist

ကျနော် သူ့ကိုအရင်လို ခေါ်ပြောနေတာ နှစ်ရက်လောက်ရှိပြီ။ ဒီနေ့တော့ အကြောင်းမရှိ ကျနော်သူ့ကို စကားမပြောပါ။ ဒါကို သူဂဏမငြိမ် နိုင်ပါ။

နေ့လယ်လောက်ကျတော့ ကျနော် ဝန်ထမ်းတွေနဲ့ စကားပြောနေတုံး သူရောက်လာကာ အနားမှာ လာရပ်ရင်း သူပါ အလုပ်ကိစ္စများကို ဝင်ပြောလာသည်။

ကျနော်မသိချင် ယောင်သာဆောင်နေလိုက်သည်။
ထို့စဉ် အလုပ်ခွင်မှာစကားပြောရင်း Ei က အကိုSoe နဲ့ရန်သတ်ပါလေရော။

"အကိုSoe မနေ့က မုန့်သမီး ဝယ်ကျွေးတာနော် ဒီနေ့ကကို့အလှည့် … …

"နေပါဟာ နင့်ကလေ တစ်ခါလေး ဝယ်ကျွေးတာကို ပြောနေတယ် ငါ့တော့ နေ့တိုင်းဝယ်ကျွေးရတယ် … …

"ဟီ့အကိုကလည်း … …

"ထုလိုက္လို့ … …

ကျနော် fan ဘက်လှည့်စကားပြောနေတုံး သူလည်း ဘေးနားမှာ ကပ်နေသည်။
ထိုစဉ် အကို Soeရဲ့ စူးဝါးတဲ့ အသံကြောင့် ကျနော်လှည့်ကြည့်မိလိုက်သည်။

"ဟာ ဟျောင့် Lay မီးခြစ်နဲ့ မဆော့နဲ့ ဆေးလိပ်သောက်ချင်ရင်း အိမ်သာထဲသွား … …

မီး lay ခြစ်လိုက်တဲ့ မီးက ကျနော့်နဲ့ ဝေးပေမယ့် မျက်လုံးတွေ ပြာလာသည်။ တော်သေးသည်။ ယိုင်လုမတတ် ခြေထောက်များကို ထိန်းလိုက်မိသည်။

အကိုJungက ကိုရီးယားမှာကတည်းက ကျနော့်အတွက် စိတ်ရောဂါကုသပေးခဲ့ ဖူးတော့။ အရင်လောက်မလန့်ပါ။

သို့ပေမယ့် ရင်ထဲတထိပ်ထိပ်ဖြစ်လာတော့ ကျနော်အခန်းကိုသာ ဟန်ချက်မပျက် ပြန်သွားလိုက်သည်။

Lay ကတော့ မီးသပ်ပြီး အကိုSoe ဆူတာကို ကျနော်ကြားနေရသည်။ အခန်းက ကျနော့် ခုံမှာ ထိုင်ရင်း အံဆွဲမှ ဆေးဗူးထဲက ဆေးတစ်လုံးယူကာ ရေနဲ့မြှော်သောက်လိုက်သည်။

ထိုစဉ် Singto အပြေးရောက်လာကာ

ကျနော်ကို စိုးရိမ်စွာ ကြည့်ရင်း

"Kitအဆင်ပြေရဲ့လား မျက်နာလည်း ဖြူရော့နေတာပဲ မီးမြင်လိုက်လို့မလား … …

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now