Part-7

4.1K 240 1
                                    

ယူနီ

ဟန်ဆောင်အမုန်း

အပိုင်း ၇

Sing

မနားကပ်ပြောသွားတဲ့ ဟိုကောင်ကြောင့် လူကအတော်လေး ဒေါသထွက်သွားရသည်။ စုံစမ်းရမယ်ပေါ့ ဟင် မလိုဘူးကွ ငါသိနေတာလေ။

ကလင် ကလင် ကလင် … …

ဘောင်းဘီအိတ်ထဲကဖုန်းမြည်လာတာကြောင့် ဘယ်သူလဲဆိုတဲ့ အသိဖြင့် ထုတ်ကြည့်လိုက်သည်။
ဟိုတစ်ခေါက်က ကလပ်မှာ ချိတ်လိုက်တဲ့ ကောင်မလေးပါ ။ ကျနော်လည်း သူချိန်းတဲ့ ကော်ဖီ ဆိုင်လေးကို သွားလိုက်သည်။

ကျနော် ရှိသမျှ အစွမ်းနဲ့ သူမကိုချုပ်နေသည်။ သူကိုစရင်း လည်ပင်းလေးတွေကို ခပ်ဖွဖွ နမ်းသည်။ တဖြည်းဖြည်း အားကပါလာတော့ ဘေးပတ်ဝန်းကျင်တောင် ကျနော်မေ့သွားသည်။ အနမ်းတွေ ပေးနေရင်း ရုတ်တရပ် ခေါင်းပေါ်ကျလာသော အေးနေအရည်များကြောင့် ကျနော်လန့်သွားကာ

ခေါင်းထောင်ကြည့်လိုက်တော့ ဟိုရုပ်ဆိုးကောင်။ သူကအတင့်ရဲပြီး ကျနော်ကို မတော်တဆလုပ်တာတဲ့။ တမင်လုပ်တာများ ငါသိဘူးထင်နေလား။

ကျနော်သူကိုထက်ပတ်ဖိုါပြင်လိူက်တော့ ကျနော် လက်ကိုဆုတ်ကိုင်လာတဲ့ လူတစ်ယောက်လက်။ အရပ်ရှည်ရှည် ဗလတောင့်တောင့်နဲ့ ခန့်သလိုရှိတဲ့ထိုလူက ဆုတ်ကိုင်ထားရင်း

"မင်း ကိုသူပြောပြီးပြီလေ မတော်တဆလို့ … …

ကျနော်သူလက်ကိုခါချလိုက်ပြီး

"ခဗျားလူကိုက မတော်တဆလုပ်တာမှ မဟုတ်တာ ခဗျားမမြင်ဘူးလား … …

"ငါ့လူကတကယ်လုပ်ရင်တောင်လုပ်သင့်တယ်လေ … …

"ဘာကွ ခဗျား … …

ကျနော်သူအကျီ င်္ကော်လံကို ဆွဲလိုက်တော့သူက မဲ့ပြုံးပြုံးကာ

"မင်းလိုလူမြင်ကွင်း စောက်ရှက်မရှိတာငါဆို ဒီထက်ပိုမိမှာပဲ  … …

"ဘာကွ ဒါငါ့ ကိစ္စ မင်းတို့အလုပ်မဟုတ်ဘူး မမြင်ချင်မျက်စီမှိတ်ထား … …

"ဟားးး ငါမမြင်ချင်အကြည့်လွဲလို့ရတယ် ဟိုမှာတွေ့လား အထက်တန်းကျောင်းသားလေးတွေ ဟိုဘက်မှာ အသက်၁၀နှစ်တောင်မပြည့်သေးတဲ့ကလေးတွေ  … …

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeWhere stories live. Discover now