Part-3

4.8K 308 3
                                    

ယူနီ
ဟန်ဆောင်အမုန်း

အပိုင်း၃

Krist

ကျနော်ပြေးထွက်လာခဲ့သည်။ ခြေလှမ်းများက ခြု့ထဲက ဒန်းလေးဆီသို့ပါ။ ကျနော်ဒန်းလေးပေါ်မှာ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။

မတရားကျဘူး လူတွေက မတရားကျဘူးဗျာ ကျနော်တို့လိ
လူတွေကို ဘာလိုနှိမ်ကျတာလည်းဗျာ
တဖြည်းဖြည်းအေးလာတာမို့ ကျနော် အခန်းထဲပြန်ဝင်ကာ အကူတွေ အိပ်တဲ့ နေရာလေးဖြစ်တဲ့ အိပ်ခန်းထဲရောက်တော့ ကျနော်အိပ်နေကျ နေရာလေးမှာ လှဲအိပ်လိုက်သည်။

အမုန်းတိုင်းပြောတာပါ ကျနော်အကိုလေးကို သဘောကျတယ် ကျနော်လို ရုပ်လည်းဆိုး အိမ်ဖော်တစ်ယောက်လည်းဖြစ် ပြီးတော့ ယောက်ကျားတစ်ယောက်ကို   အကိုလေး  ပြန်သဘောမကျဘူးဆိုတာ ကျနော် သိနေသည်။

သူ့ဘေး ချောလှတဲ့ မိန်းမလှလေးတွေ ပေါနေတာ ကျနော်က သူစိတ်ထဲတောငိ ထည့်မယ့်လူမဟုတ် လောက်ဘူးလေ  ခုဆိုပိုဆိုးမှာပေါ့ဗျာ  ကျနော်က ပြစ်တန်ဆာ နီးပါး သူထင်နေပြီလေ …

မုတ်မိနေသေးသည်။ အကိုလေး ၁၀တန်းစားမေးပွဲ ဖြေတုံးကဆို အကိုလေး စာကျက်နောက်ကျတဲ့ နေ့တိုင်း ကျနော်ဘေးက စောင့်အိပ်ပေးရတယ် သူသဘောမကျမှာစိုးလို့ မျက်နာစွပ်ကြီးတပ်ပြီးပေါ့။ စာကျက်ရင်း စားပွဲမှာ အိပ်ပျော် နေတဲ့ သူပုံရိပ်လေးက သိပ်ကိုဆွဲဆောင်မူရှိခဲ့တာလေ။

အဲတုံးကဆို   ကျနော်အမြဲ  ငေးကြည့်တယ်   တစ်ညလုံး သူမနိုးမချင်း ကြည့်နေမိတယ် အဲအချိန်လေးတွေက ကျနော့်အတွက်  တန်ဖိုးသိပ်ရှိခဲ့တယ်။   သူ၁၀တန်းဖြေပြီးတော့ သူ့သူငယ်ချင်းတွေနဲ့ အရက်ဆိုင်ထိုင်ပြီးပြန်လာတယ်လေ ။

အဲနေ့ကဆို အကိုလေးကလူမုန်းသူမုန်းမသိမူးနေတာ သခင်မကြီးနဲ့ သခင်ကြီးကတော့ သမနက်နိုးတော့ဆူကော ညကျတော့  သူကိုကျနော့်စောင့်ခိုင့်းပြီးအိပ်သွားတယ်လေ။

သူကိုသူ့အခန်းထဲ ပို့ပြီး ကုတင်ပေါ်တင်ထားခဲ့တယ် ။ ကျနော် သူဘေးက ကြမ်းပြင်လေးမှာ ထိုင်ရငိး ကုတင်ပေါ်က သူမျက်နာကို ငေးကြည့်နေမိတယ် ။ ကျနော်အရဲစွန့်ခဲ့တယ်လေ။

ဟန်ဆောင်အမုန်း(Completed)Zawgyi &UnicodeDär berättelser lever. Upptäck nu