The Thing Called Love 🌹

1K 22 1
                                    

                            Ep 1

‌အရှေ့ကျုံးဘက်ရှိ ခုံတန်းရှည်တစ်ခုပေါ်တွင် ကောင်မလေးတစ်ယောက်ထိုင်နေသည်မှာ နာရီဝက်ကျော်လောက်ကြာနေပြီဖြစ်သည်။ လက်ပတ်နာရီကို တစ်ကြည့်ကြည့်လုပ်နေပြီး တစ်ခုခုကိုဘဝင်မကျဖြစ်နေပုံပေါ်၏။ထိုစဉ် Scooby အပြာရောင်လေးပေါ်မှ ကောင်လေးတစ်ယောက် ရေးကြီးသုက်ပြာဆင်းလာပြီ ထိုကောင်မလေးဆီသို့ခပ်သွက်သွက်လေးလျှောက်လှမ်းသွားသည်။

ထိုကောင်လေးသည် ခုံတန်းပေါ်ထိုင်နေသည့်ကောင်မလေးကို နောက်ကနေသိုင်း၍လှမ်းဖက်လိုက်သည်

"ဟိတ် စောင့်နေရတာကြာနေပြီလား"

"သွားပါ အခုလာပြီး"

"ဘာလဲ သဲက ကိုယ့်ကိုစိတ်ဆိုးတာလား"

"အခုမှလာပြီး မျက်နှာငယ်လေးနဲ့ အသနားခံမနေနဲ့ ဘယ်အချိန်ရှိနေပြီလဲ"

"နာရီဝက်လေးပဲနောက်ကျတာကို
နော်နော်နော် သဲကလဲကွာ ဒီတစ်ခါတော့ခွင့်လွှတ်ပေး"

"ဘာလို့နောက်ကျတာလဲအရင်ပြော ခွင့်လွှတ်မယ် မလွှတ်ဘူးက ပြီးမှဆုံးဖြတ်မယ်"

"ကိုယ့်အကို ဆိုင်ကယ်ယူသွားလို့ သူပြန်လာတာစောင့်နေရင်းနဲ့ကြာသွားတာ တောင်းပန်ပါတယ်နော်
နော်နော်နော်"

"မသိဘူး စိတ်ဆိုးတယ် ဘာမှလာမပြောနဲ့"

"မာလာရှမ်းကောလိုက်ကျွေးမယ်လေကွာ ဟီး"

"လူကိုအစားနဲ့လာချုပ်နေတယ်ပေါ့လေ ဟွန့် ရမယ်ထင်နေလား"

"အဲ့ဒါဆိုမရဘူးလား"

"တွတ်ပီဆိုင်က ဝက်သားတုတ်ထိုးရော စားမှာနော် သွားကြစို့"

"....."

"ဘာကြောင်ကြည့်နေတာလဲ သွားမယ်လေ မြန်မြန်ထနော် တော်ကြာစိတ်ပြောင်းပြီး စိတ်ပြန်ဆိုးလိုက်မှ ပိုဆိုးမယ်မှတ်"

ကျွန်တော့်နာမည်က စိုင်းခွန်းသပါ ကျွန်တော်နဲ့ သဲနဒီ ချစ်သူ‌တွေဖြစ်တာ တစ်နှစ်ကျော်လောက်ရှိပါပြီ
သဲနဲ့ကျွန်တော်က မေဂျာရော နှစ်ရောတူတော့ ကျောင်းဖွင့်ရက်တိုင်း သူနဲ့ကျွန်တော်က အမြဲတစ်တွဲတွဲပဲပေါ့
ကျောင်းမှာဆို German တစ်မေဂျာလုံးရော ဠာနက ဆရာ၊ဆရာမတွေရော ကျွန်တော်တို့အကြောင်းကိုသိကြတယ်
ပြီးတော့နှစ်ယောက်လုံးက German 1st yr ကနေ အခု 2rd yr ထိ အတန်းတာဝန်ခံ ec လုပ်လာခဲ့တာဆိုတော့ ဌာနက ဆရာဆရာမတွေကလဲ ကျွန်တော်တို့နဲ့ရင်းနှီးနေပါပြီ
တစ်ခုပဲ သဲက အိမ်ကြောက်ရတယ် သဲအဖေက သဲကိုရည်းစားမထားရဘူးလို့ပြောထားတော့ ကျွန်တော်နဲ့တွဲနေတာကိုသူ့အိမ်က‌တော့မသိကြ‌သေးဘူး

The Thing Called Love 🌹[ Season 1 ]Where stories live. Discover now