part1(zg+uni)

131K 8.9K 239
                                    

[Zawgyi]
"မေ...."
"ပြောသူရိန်..."
"အခုအလှူအစားကိုယ်တို့မင်္ဂလာပွဲသာဆိုဘယ်လောက်မိုက်လိုက်မလဲ.."
"ကိုနော်..ဒီမှာမအားရတဲ့အထဲ..မေပြောပြီးသားလေ..အငယ်ကောင်ကိုယောကျာ်းပေးစားပြီးမှမေလက်ထက်မှာလို့လေ.."
ကြည်နူးမေ၏စကားများကြောင့်သူရိန်တစ်ယောက်ကျောင်းတုန်းကအဖြစ်အပျတ်ကိုပင်သတိသွားရမိသေးသည်။သူတို့၁၀တန်းကျောင်းသားဘဝတွင်ကျောင်းကိုအသစ်ပြောင်းလာသောကျောင်းသူသစ်လေးအားမြင်မြင်ချင်းချစ်မိသွားသောသူရိန်တစ်ယောက်သူမအားနည်းအမျိုးမျိုးဖြင့်ပိုးပန်းလေတော့သည်။ကံကောင်းချင်သလားတော့မသိ..ကျောင်းတတ်ပြီးတစ်ပတ်လောက်ကြာတော့မိမိတို့နေသညိ့ရပ်ကွက်ထဲသို့သူမလေးနဲ့သူ့အမေတို့ပြောင်းလာကြသည်တဲ့လေ။မိမိရဲ့အချစ်ဆုံးသူငယ်ချင်းလေးထိုက်စံတို့အိမ်နားကိုပြောင်းလာသည့်အတွက်ကြောင့်သူရိန်ခမျာနေ့စဉ်နေ့တိုင်းအူတူတူအတတထိုက်စံဆီသို့အကြောင်းမရှိအကြောင်းရှာသွားရင်သွားသွားငမ်းခဲ့ရသည်မဟုက်လား။ကံကောင်းတာတစ်ခုကတော့ငဒူလေးထိုက်စံနဲ့သူမလေးကခင်မင်သွားပြီးနောက်သူနဲ့ပါခင်မင်လာရသည်။သူမလေးနာမည်ကကြည်နူးမေတဲ့။ဟုက်ကဲ့...သူမနဲ့ခင်လာတော့မှသူမအကြောင်းကောင်းကောင်းကြီးသိလာခဲ့ရသည်ကတွေ့သမျှယောကျိားတိုင်းကိုလင်ပေးစားချင်နေတာပင်...သူမမှာအကြီးမားဆုံးရည်ရွယ်ချက်၂ခုရှိသည်တဲ့...ပထမတစ်ခုကသူမသူငယ်ချင်းယောကျာ်းလေးတိုင်းကိုလင်ပေးစားနိုင်ရရေးတဲ့...ထို့အတွက်ကြောင့်သူရိန်ခမျာသူငယ်ချင်းအဆင့်ထက်ပိုအောင်အလျင်အမြန်ဖွင့်ပြောခဲ့ရသေးသည်။ဒါတောင်သူမကအဖြေပြန်ပေးဖို့အရေးကိုwattpadဆိုတာကြီးကူးပေးပြီးထိုထဲကစာအုပ်များကိုဖတ်ခိုင်းကာသူမကစာမေးပွဲပြန်စစ်သေးသည်။ကံကောင်းချင်တော့သူကစာမေးပွဲအောင်သည့်အပြင်ဂုဏ်ထူးပါရလိုက်သည့်အတွက်အပိုဆုအဖြစ်အနမ်းတစ်ပွင့်ပင်လက်ဆောင်ရခဲ့သေး။အဲ့တာတွေအသာထားလိုက်ပါ...နောက်မှပြန်သိလာရသည်ကသူမအဖေနဲ့အမေကစိတ်ဆိုးပြီးသူမအမေကသူမနဲ့အတူဒီရပ်ကွက်ထဲလာပြောင်းနေကြောင်းပြောပြသည်။သူမမောင်လေးကတော့သူမအဖေနဲ့ကျန်ခဲ့သည်တဲ့....ယခုတော့သူမတို့မိသားစုပြန်အဆင်ပြေသွားကြပါပြီ။သူမအမေကောက်ချက်ကတော့၅နှစ်တောင်လိုက်ချော့ရသည်တဲ့လေ။...သူမလေးကိုတော့သူရိန်ကအဲ့လိုအကောက်ကိုမခံပေ။ကြည်နူးမေလုပ်သမျှသူရိန်အတွက်ကတော့အားလုံးအမှန်။သိပ်သိပ်မှန်ပေ။ယခုလည်းမနက်ဖြန်နိုင်ငံခြားမှပညာသင်ပြီးပြန်လာမည့်သူမရဲ့တစ်ဦးတည်းသောမောင်လေးရဲ့မွေးနေ့အလှူအတွက်သူတို့သူငယ်ချင်းတစ်စုလုံးညအိပ်ရင်းကူလုပ်ပေးနေကြသည်ပင်။သူမရဲ့မောင်လေးကိုတော့ဖြူသလားမဲသလားမသိပေမယ့်။။အမတောင်ချောနေရင်မောင်လဲချောမှာပဲဟုမှတ်ချက်ချမိတော့သည်။
"ကို..ဟိုမှာထိုက်စံတစ်ယောက်တည်း...ပျင်းနေမှာပေါ့..သွားနေပေးလိုက်အုံး..ခနနေမေလာခဲ့မယ်.."
"အင်း...အင်း.."
ကြည်နူးမေတစ်ယောက်မောင်လေးနဲ့တိုင်ပင်ထားသည့်အတိုင်းမိဘများအားsurpriseတိုက်ချင်၍မောင်လေးရောက်နေတာကိုအသိမပေးဘဲမနက်ဖြန်မှရောက်မည်ဟုပြောထားခဲ့ကြခြင်းပင်။ခြံထဲရောက်နေသည့်မောင်လေးအားအခန်းထဲသို့ရောက်အောင်ကူညီပေးရန်လူကြီးများအလစ်ချောင်းနေစဉ်သူရိန်ရောက်လာသည့်အတွက်မြန်မြန်ပထုတ်လိုက်ရသေး။
"မမ.."
လူကြီးများမှာတော့စကားပြောနေကြသဖြင့်ကြည်နူးမေလည်းပိုင်ဇေအားမသိသာအောင်ဆွဲခေါ်လာ၍အောက်ထက်ရှိအိပ်ခန်းတစ်ခန်းသို့ခေါ်လာခဲ့လိုက်သည်။ပိုင်ဇေနဲ့သူမက၁၀တန်းလောက်ထဲကကွဲသွားပေမယ့်ဖုန်းနဲ့တော့အဆတ်သွယ်မပြတ်ခဲ့ပေ။သူမဆယ်တန်းအောင်သည့်နေ့တွင်ပင်ဖေဖေကပိုင်ဇေ့အားအမေရိကသို့လှ်၍စီးပွားရေးပညာကိုသင်ယူစေသည်။ယခုတော့သူမပင်ဘွဲ့ရပြီးအလုပ်ဝင်နေတာ၁နှစ်ခွဲကြာတော့မှပြန်လည်ရောက်ရှိလာခြင်း။

ချည်ပြီးတုတ်ပြီး(complete)Where stories live. Discover now