အကြိုက်ချင်းမတူနိုင်ပါဘူး။ (အၾကိဳက္ခ်င္းမတူနိုင္ပါဘူး။)

1.1K 131 4
                                    


အကြိုက်ချင်းမတူနိုင်ပါဘူး။ren တို့ ဖြတ်သန်းရတဲ့ ပတ်ဝန်းကျင်။ren တို့ ရဲ့မွေးရာပါအကျင့်စရိုက်အရ... တစ်ယောက်နဲ့တစ်ယောက်အကြိုက်ချင်းတူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ (တူတဲ့သူတွေလည်းရှိတာပေါ့နော်။ )


ဒီနေရာမှာ... အကြိုက်ချင်းမတူရင်..ပေါင်းသင်းလို့မရတော့ဘူးလားဆိုတာစဉ်းစားစရာပါ။ဥပမာ..တစ်ယောက်က ဂိမ်းဆော့တာကိုကြိုက်တယ်။တစ်ယောက်က စာအုပ်ဖတ်ရတာကိုကြိုက်တယ်။ဆိုတော့ သူတို့ချင်းတွေ့တဲ့အခါ...ဂိမ်းအကြောင်းပြောကြမလား။စာအုပ်အကြောင်းပြောကြမလား။


ဒါမှမဟုတ်..တစ်ယောက်က ဟော့ပေါ့ အကင် စသဖြင့် ကြိုက်တယ်။နောက်တစ်ယောက်ကကျ အဲ့တာနဲ့ဆန့်ကျင်ဘက် အစားအစာကိုကြိုက်တယ်။အဲ့လိုဆိုရင် သူတို့ ဘယ်ဆိုင်ကိုသွားစားကြမလဲ။ရှုပ်ပါတယ်...အကြိုက်ချင်းမတူရင် မပေါင်းဘူးကွာ..တစ်ယောက်တည်းပဲနေမယ်။


ဒီလိုဆိုရင်ရောရေရှည်အတွက် ဖြစ်နိုင်ပါ့မလား။တစ်ယောက်တည်းနေဖို့ဆိုတာ ရေရှည်အတွက် မဖြစ်နိုင်ဘူးနော်။အကြိုက်ချင်းတူတဲ့လူကိုစောင့်မယ်ဆိုတာကလည်းသူက ဘယ်ချိန်မှ ပေါ်လာမယ်ဆိုတာ ကိုယ်လည်းမသိ။ဆိုတော့...ကိုယ်နဲ့ အကြိုက်ချင်းမတူတဲ့ သူငယ်ချင်းရထားရင်...ကိုယ်နဲ့ အကြိုက်ချင်းမတူတဲ့ ချစ်သူရထားရင်..သူနဲ့ ညှိညှိနှိုင်းနှိုင်းလုပ်ပါ။


ဒီတစ်ခါ ကိုယ်က သူ့အကြိုက်လိုက်ပေးရင်..နောက်အခါ ကိုယ့်အကြိုက်လိုက်ရမယ်နော် ဆိုတာကို သူ့ကိုနားလည်အောင်ပြောပြပေးပါ။အကြိုက်ချင်းမတူလို့ သူ့အကြိုက်ကြီးပဲ အမြဲလိုက်စရာမလိုပါဘူး။နှစ်ဦးနှစ်ဖက်ညှိနှိုင်းပြီး မျှဝေပါ။


သူက အမြဲ .... သူ့အကြိုက်ပဲ လုပ်တယ်..ကိုယ့်ဘက်ကို မကြည့်ဘူးဆိုရင်တော့မပေါင်းပါနဲ့တော့။ ချစ်သူဆိုရင်လည်း ဖြတ်လိုက်ပါတော့။သူငယ်ချင်းပဲဖြစ်ဖြစ် ချစ်သူပဲဖြစ်ဖြစ် ကိုယ့်အပေါ်တန်ဖိုးထားတဲ့သူဆိုရင်...သူ့ဘက် ကိုယ့်ဘက် မျှမျှတတ ကြည့်တတ်ပါတယ်။သူ့လိုအပ်ချက်ကိုပဲ မတောင်းဆိုသလို..ကိုယ့်ဘက်က ဆန္ဒကိုလည်း ပြန်လည်မေးတတ်ပါတယ်။အဲ့လိိုမဟုတ်ဘဲ .. နေရာတကာ သူ့စိတ်တိုင်းကျ ဆိုရင်တော့ ဘိုင်ဘိုင့်လုပ်လိုက်ပါတော့။ကိုယ်နဲ့မတန်ပါဘူး။

ကောင်မလေးတွေဖတ်ဖို့Where stories live. Discover now