P 1

121K 6.5K 597
                                    

မန္တလေးမြို့သည် ဆောင်းရာသီတွင် ပိုလှသည်။ ကျုံးဘေးတွင် ကျန်းမာရေး လှုပ်ရှားသူများနှင့် စည်ကားနေတော့သည်။ တောင်တက်ရတာကို ပိုကြိုက်သော ခွဲခြားက မန္တလေးတောင်ကိုတော့ နေ့တိုင်းလိုလို တက်ဖြစ်ခဲ့သည်။ခွဲခြားသည် ယခုနှစ်တွင် မန္တလေး တက္ကသိုလ်ကြီး၌ IC‌ မေဂျာဖြင့်ပညာသင်ယူနေတာ သုံးနှစ်ရှိပြီဖြစ်သည်။

၁၉နှစ်ရှိပြီဖြစ်တာကြောင့် ကောင်းမွန်စွာ ဖွံ့ဖြိုးလာခဲ့သော ခန္ဓာကိုယ်က အားကစားလည်းလိုက်စားတာကြောင့် သန်မာသော ကြွက်သားအဖုအထစ်များ ရှိသည်။ အရပ်ရှည်သော ခပ်ချောချောကောင်လေးကို တောင်တက်လမ်းတွင် အချို့မိန်း‌ကလေးများက လည်ပြန်ငေးသွားကြသည်။

သီချင်းသံကို အဆုံးထိဖွင့်ကာ လျှောက်လာရင်းက ဖုန်းလာတာကြောင့် ရပ်လိုက်သည်။

"အင်း လေဒီပြော"

ဖုန်းcontactတွင် မှတ်ထားသော my ladyဆိုသည့် စကားလုံးက ထင်းနေသည်။ သွဲ့ယမင်း ဟုခေါ်တွင်သော ချစ်သူကောင်မလေးကို ခွဲခြား ဒုတိယနှစ်တွင် ရရှိလိုက်ခြင်းဖြစ်သည်။

"ကို့ ဘယ်မှာလဲ တောင်တက်နေတာလား"

"အင်း ဟုတ်တယ် လမ်းတစ်၀က်မှာ ဘာလို့လဲ"

"သွဲ့ကို မနက်စာလိုက်ကျွေးခိုင်းမလို့ အဆောင်က ကျွေးတာကြီး မစားချင်ဘူး"

"အင်း လေဒီ ပြင်ထားလိုက်လေ ကိုယ်အခု ပြန်ဆင်းနေပြီ လာခေါ်မယ်"

ဖုန်းကျသွားပြီးနောက် ခွဲခြား တောင်အောက်ပြန်ဆင်းခဲ့ရတော့သည်။ ဆိုင်ကယ် ကလစ်အမည်းရောင် နောက်ဆုံးထွက်ကို အဆောင်မှာ ထားခဲ့သော ကား နှင့် ပြန်သွားလဲရသည်။ လေဒီက ဆိုင်ကယ်နဲ့ဆို အပြင်မသွားချင်ဘူး နေပူသတဲ့လေ။

ဆိုင်ကယ်သော့ကိုထားပြီး ကားသော့ယူကာ အဆောင်အောက်ကို ဆင်းတော့ လူတစ်ယောက်နှင့်တိုက်မိသည်။ ဆွယ်တာ အဝါရောင်လေးကို အဖြူရောင် ဘောင်းဘီနှင့် တွဲ၀တ်ထားသော ခွဲခြားပခုံးလောက်သာရှိသော ကောင်လေးတစ်ယောက်။ အဆောင်မှာ တစ်ခါမှ မမြင်ဖူးပါ။ ဪ ဟုတ်သားပဲ ဒီနှစ်က ပထမနှစ်နဲ့ ပေါင်းထားမယ်လို့ကြားတယ်။ ကောင်လေးက ပထမနှစ်က ဖြစ်မည်ဟု မြန်မြန်ကောက်ချက်ချကာ

1. Close to... You (မင်းနဲ့နီးဖို့) CompletedWhere stories live. Discover now