P 13

36.3K 4.2K 196
                                    

ကျောင်းသုံးရက်ပိတ်သည့် အပတ်မို့ ခွဲခြားက ပြင်ဦးလွင်သို့ ပြန်သွားခဲ့သည်။ စစ်ကိုင်းရှိ မြတ်ဘုန်းမောင်၏ နေအိမ်သို့ လိုက်လည်ရန် အကိုတွေက ခေါ်သော်လည်း နွမ်းခါးမှာ presentation လုပ်ရန် စာဆွေးနွေးစရာတွေ ရှိတာကြောင့် မလိုက်ဖြစ်ခဲ့။ အဆောင်‌တွင် အကိုများမရှိတဲ့ ရက်တွေက တကယ်ကို အထီးကျန်ဆန်ရပေသည်။

နှစ်ရက်မြောက်နေ့တွင် သူငယ်ချင်းများနှင့် စာလုပ်ပြီးအပြန် နွမ်းခါး ရေချိုးတော့ ပုံမှန်ဆို အကိုတွေနှင့် ချိုးနေရာကနေ လူအများကြီးရှိသည့် ရေချိုးကန်တွင် တစ်ယောက်ထဲ ချိုးနေရသလို ခံစားနေရသည်။

"ညီ တစ်ယောက်တည်းလား ခွဲခြားတို့ရော"

ပခုံးကို လာဖက်ကာ ပြောလာသော သူကို မော့ကြည့်တော့ ဘောလုံးကွင်းတွင် ခွဲခြားမိတ်ဆက်ပေးသော ကိုရဲ ဆိုသည့်လူ ဖြစ်နေသည်။

"ဟုတ် အကိုတွေက အိမ်ပြန်သွားတယ် ခင်မျ"

နွမ်းခါး ပခုံးကို ရုန်းလိုက်ပြီး ရေဆက် ချိုးလိုက်သည်။ ထိုအခါ လက်မောင်းကို လာဆွဲကာ

"တစ်ယောက်တည်း ပျင်းရင် အကိုနဲ့လာနေလို့ ရတယ်နော် အကိုတို့လည်း ညဖက်ဆို လူစုတယ်"

"ဟုတ် ရပါတယ် ကျွန်တော်က စောစောအိပ်တာမို့ မပျင်းပါဘူး"

"ဟုတ်ပါပြီ ဒါဆို လိုရင် ကိုယ့်ကိုပြောနော် ကို့ကို အဲ့လောက်ကြီး မစိမ်းပါနဲ့ ခွဲခြားတို့လိုပဲ ရင်းရင်းနှီးနှီး ဆက်ဆံလို့ ရပါတယ် ကလေးရဲ့"

ကလေး ဟူသော အသုံးကို အကိုတွေခေါ်နေကြမို့ မစိမ်းသက်သော်လည်း ကိုရဲ ခေါ်သည့်အခါ အသားယူနေသလို ခံစားလိုက်ရသည်။ နွမ်းခါး ရေချိုးပြီးတဲ့အထိ ကိုရဲ နှင့် သူ့သူငယ်ချင်းများက နွမ်းခါးကို စိုက်ကြည့်နေသည်ကို ခံစားလိုက်ရသည်။

အစိမ်းရောင် ညအိပ်၀တ်စုံပျော့ပျော့လေးနှင့် ရေချိုးပြီးကာစမို့ နွမ်းခါး၏ အသွင်က roll callခေါ်သည့် ခန်းမ ထဲမှာလည်း အချောအလှလေး ဖြစ်နေသည်။ အာရုံစိုက်ခြင်းခံရသည်က နွမ်းခါးငယ်ငယ်ထဲက ဖြစ်တာကြောင့် အကျင့်ပါနေပြီ ဖြစ်သည်။ Roll call ပြီးတော့ နွမ်းခါး အခန်းတွင်းသို့ ပြန်လာကာ laptopနှင့် ဇာတ်ကားကြည့်နေလိုက်သည်။

1. Close to... You (မင်းနဲ့နီးဖို့) CompletedWhere stories live. Discover now