P 21

38.6K 4.1K 33
                                    

"ခွဲခြား မင်း မလိုက်ဘူးလား"

"အေး မလိုက်တော့ဘူး ဒီမှာ ငါလုပ်စရာလေးတွေ ကျန်သေးတယ် ပစ္စည်းတွေကို မင်းတို့နဲ့ပဲ ထည့်ပေးလိုက်တော့မယ် ဘာလိုလို လှမ်းပြောနော်"

"အေးပါ"

စစ်ဘေးရှောင် ပြည်သူတွေ အတွက် စားနပ်ရိပ်က္ခာ ဖြည့်တင်း‌ပေးရန် ကျော်ဇောက အကူအညီတောင်း လာသည်မို့ ခွဲခြားက လိုအပ်သမျှ စီစဉ်ပေးနေခြင်းဖြစ်သည်။ အမျိုးသားကောင်စီ၏ အမှုဆောင်ဖြစ်နေသည့် ကျော်ဇောက စစ်ဘေးရှောင် ပြည်သူများကို ပြန်လည်နေရာချထားရေးနှင့် စစ်အတွင်း ဘေးမသင့်စေရန် ကယ်ဆယ်ရေးကို တာ၀န်ယူထားရသည့်အခါ မြန်မာပြည်တွင် စက်ရုံအများဆုံး ပိုင်ဆိုင်သည့် ခွဲခြားကို အပူပြေးကပ်ရတော့သည်။ လှူဒါန်းသည့်‌သူများ ရှိသော်လည်း ခွဲခြားက လက်မှတ်ရ ဆေးဝါးစက်ရုံလည်း ရှိတာကြောင့် ဆေးဝါးအကူအညီယူရန် အသင့်တော်ဆုံး ဖြစ်လေသည်။

"ဒါနဲ့ စပျစ်ခင်းတွေ သရက်ခြံတွေကရော ရောင်းပစ်ပြီလား"

"မရောင်းပါဘူး စိုက်ခင်းနဲ့ခြံတွေက အကိုပဲ ဦးစီးတာလေ"

"ညီအကို နှစ်ယောက်ပေါင်းပြီး စီးပွားရေး သောင်းကျန်းနေလိုက်တာ"

"အပို မပြောနဲ့ ငါအခွန်အပြည့်ဆောင်တယ်"

"အေးပါ ငါလည်း ဘာမှ မပြောပါဘူး"

ကျော်ဇောက ခွဲခြားနှင့်အတူ ဆေးပုံးနှင့်စားနပ်ရိက္ခာများကို စစ်ဆေးနေသည်။ အတူသွားမည်ဟု ချိတ်ဆက်‌ထားသော နေပြည်တော်မှ ပရဟိတ အဖွဲ့က လမ်းတွင် ရောက်နေပြီဟု ဖုန်းဆက်လာသည်ကြောင့် အဆင်သင့် ဖြစ်စေရန် ပစ္စည်းများကို ကားပေါ်တင်ခိုင်းလိုက်သည်။ မန္တလေး၏ ရာသီဥတုသည် နေ့လည်ပိုင်းတွင် အပူလွန်သည်ကြောင့် ပရဟိတအဖွဲ့သားများ ရောက်လာလျှင် အမောပြေစေရန် အအေးနှင့် မုန့်မျိုးစုံ စီစဉ်ပေးထားသည်။

မကြာမီတွင် ခရီးသွားကားကြီး ဆိုက်ရောက်လာကာ လူအယောက်နှစ်ဆယ်ခန့် ပါလေသည်။ မုန့်နှင့်အအေးများ လူတိုင်း ရစေရန် ဂရုတစိုက်ဝေပေးနေစဉ်

"ဟမ် ငါတို့ လာတာ ၂၂ယောက်ပါ တစ်ယောက် ဘယ်ပျောက်နေလဲ ဟိုချောချောလေးရော"

1. Close to... You (မင်းနဲ့နီးဖို့) CompletedDär berättelser lever. Upptäck nu