P 4

46.7K 5.2K 77
                                    

တောင်ပေါ်က ပြေးဆင်းလာကြတာမို့ ချွေးတောင်ထွက်နေပြီဖြစ်သည်။ နှစ်ယောက်လုံး အနွေးထည်တွေ ချွတ်လိုက်ကာ ဆိုင်ကယ် Box ထဲ ထည့်လိုက်သည်။ ထို့နောက်တွင်တော့ ခွဲခြားအကြိုက် ရွှေမူဆယ် ဆိုင်ကို ရောက်လာခဲ့သည်။

အမဲလုံးရှမ်းခေါက်ဆွဲရည်ဖျော်ကို နှစ်ယောက်သား ဆာလောင်စွာ ခေါင်းမဖော်တမ်းစားပြီးနောက် နွမ်းခါးက ရေတစ်ဘူးမှာကာ သောက်လိုက်သည်။

တူ....တူ....တူ....

"ဟယ်လို လေဒီပြော"

ညတုန်းက စိတ်ကောက်နေတာကို သိတာကြောင့် အကောင်းဆုံး စိတ်ကိုလျှော့လိုက်ကာ ဖုန်းဖြေလိုက်သည်။

"မနက်စာလိုက်ကျွေးခိုင်းမလို့ လာခေါ်ပေးဦး"

"အွန်း ကိုယ်အခု ဆိုင်ရောက်နေတယ် ဘာမစားမလဲ လာပို့ပေးရမလား"

"ဟုတ်လား အဲ့ဒါဆိုလည်း မြီးရှည်၀ယ်ခဲ့ပေး"

"အင်း အင်း ရောက်ရင် ဖုန်းဆက်လိုက်မယ်နော်"

ဖုန်းကျသွားတော့ နွမ်းခါးက ပိုက်ဆံရှင်းပြီးနေပြီ။

"အကို အမက ဘာမှာလိုက်တာလဲ"

"မြီးရှည်တဲ့"

"ကျွန်တော်မှာလိုက်မယ်နော် ကိုလင်းသူရတို့အတွက်ပါ မှာလိုက်ရမလား"

"မမှာနဲ့တော့ သူတို့က အဆောင်မှာပဲ စားတာ"

"ဟုတ် အဲ့ဒါဆို မြီးရှည်ပဲ မှာလိုက်တော့မယ်"

သွက်သွက်လက်လက်နဲ့ နွမ်းခါးက မှာစရာရှိတာမှာပြီး ပိုက်ဆံကိုတော့ ခွဲခြားရှင်းပေးလိုက်သည်။

မန်းသပြေဆောင်ရှေ့ရောက်တော့ လေဒီ့ကို ဖုန်းခေါ်လိုက်သည်။ သိပ်မကြာခင်ပဲ အ‌ဆောင်အောက်ကို မုန့်လာယူသည်။ သွဲ့ယမင်းက နွမ်းခါးကိုမြင်တော့ ဆူပုတ်နေရာကနေ ပြုံးသွားပြီး

"ကို ဒီကလေးနဲ့ သိတာလား သွဲ့ကိုတောင် မပြောဘူး"

"အင်း မနေ့ကမှ သိတာလေ ဒီနေ့ တောင်တက်ချင်တယ်ဆိုလို့ ခေါ်သွားတာ လေဒီက သူ့ကို သိလို့လား"

"သိတာပေါ့ သူက ဒီနှစ် နာမည်ကြီးနေတာလေ မောင်လေးက  E major ကမလား"

1. Close to... You (မင်းနဲ့နီးဖို့) CompletedOnde histórias criam vida. Descubra agora