P 16

37.4K 4.2K 227
                                    

နွမ်းခါးက ခွဲခြားအိမ်တွင် စပျစ်သီးများ စပျစ်ဝိုင်များကို ၀၀လင်လင် သုံးဆောင်ခွင့်ရခဲ့သည်။ ခြံအလုပ်သမားများကလည်း နွမ်းခါးလေးကို ချစ်တာကြောင့် ခူးလို့ရသည့် စပျစ်ချိုများကို ရေစင်အောင် ဆေးပြီး လာကျွေးကြသည်။ စိုက်ခင်းထဲတွင် ကိုယ်တိုင်၀င်၍လည်း စပျစ်သီးခူးချင်သည့် နွမ်းခါးကို အနောက်ကနေလိုက်၍ ခွဲခြားက ထီးလိုက်စောင်းပေးရသည်။ နွမ်းခါး ဒီစိုက်ခင်းကို သဘောကျသည်။ မပြန်ချင်ပြန်ချင်နှင့် နှုတ်ဆက်ရမည့် အချိန်ရောက်တော့ အားလုံးက နွမ်းခါးကို လာနှုတ်ဆက်သည်။ မိနွယ်ဆိုသော ကောင်မလေးကို နွမ်းခါး တွေ့လိုပေမယ့် ဘယ်ရောက်နေမှန်း မသိပေ။

အပြန်လမ်းတွင်တော့ နွမ်းခါး အတွေးနယ်ချဲ့မိသည်။ မိနွယ်၏ ယောကျာ်းဖြစ်သူက မိနွယ်ကို ချစ်လွန်း၍ ပိုင်ဆိုင်လိုသောကြောင့် ပြုစားခဲ့တယ်လို့ နွမ်းခါးထင်သည်။ မချစ်မနှစ်သက်သောသူထက် ကိုယ့်ကို မချစ်သော ကိုယ်က ချစ်သည့် သူနှင့် နေရတာ လောကမှာ ပျော်ဖို့အကောင်းဆုံး ဖြစ်မည်။ စဉ်းစားကြည့်လေ ကိုယ်ချစ်တဲ့သူက အခြားဘယ်သူ့ကိုမှ မျက်လုံးထဲမမြင်တော့ပဲ ကိုယ်တစ်ယောက်ထဲကို တန်းတန်းစွဲ ချစ်နေတဲ့ ခံစားချက်မျိုး ဘယ်လိုလူက မခံစားပဲ နေချင်ပါ့မလဲ။

"ဘာတွေ အဲ့လောက်တွေးနေတာလဲ"

ခွဲခြား၏ အမေးကို နွမ်းခါး ပြုံးပြကာ ဘာမှ မဖြစ်သလို နေလိုက်သည်။

"အကို မိနွယ်ရဲ့ ယောကျာ်းက မိနွယ်အပေါ်ကောင်းရဲ့လားဟင်"

"အင်း အဲ့တုန်းက သူရောက်လာတော့ မိနွယ်က တမျိုးပြောင်းသွားပေမယ့် သူက မိနွယ်ကို တော်တော်တော့ ချစ်ရှာတယ် ကြင်လည်းကြင်နာတယ် ဆိုးတာက မကောင်းတဲ့နည်း သုံးမိတာပဲ"

"အကို အဲ့လူကို ဘယ်လိုမြင်လဲ အကို သူ့ကို ပြန်တွေ့ရင် ခွင့်လွှတ်မှာလား"

"အကိုက အပြုစားခံရတဲ့သူမှ မဟုတ်တာ အဓိကက မိနွယ်လေ သူခွင့်လွှတ်ဖို့ပဲလိုတယ် ထားလိုက်ပါတော့ အဲ့လူလည်း ဆုံးသွားပြီပဲဟာ"

"အင်းနော် ကျွန်တော်ကတော့ အဲ့လူကို အပြစ်မတင်ဘူး"

"ဘာလို့လဲ"

1. Close to... You (မင်းနဲ့နီးဖို့) CompletedWo Geschichten leben. Entdecke jetzt