ဆေးရုံမှာ နှစ်ရက်လောက် နေပြီးတော့ နွမ်းခါး ဆေးရုံဆင်းခွင့်ရခဲ့သည်။ သွဲ့ယမင်းက အခုနောက်ပိုင်း ခွဲခြားကို အပိုင်စီးထားလေ့ရှိပြီး မနက်ပိုင်းတွင် တောက်တက်လည်း သူမပါ လိုက်လေ့ရှိသည်။
နွမ်းခါးသည် အနောက်ကနေ ကျောပြင်ကျယ်ကို ငေးကြည့်နေရသည်မှ ချစ်ကြည်နူးနေကြသည့် ချစ်သူနှစ်ဦးကို ငေးကြည့်နေရသလို ဖြစ်လာသည်။
ကျွန်တော်ဆိုသည့် တည်ရှိမှုသည် သူ့ဘေးနားတွင် မှုန်ဝါးသထက် မှုန်ဝါးလာသည်။
"ကို ညောင်းလာပြီ ကားနားထိ ကျောပိုးပေး"
"လေဒီ့ အမိန့်တော် အတိုင်းပါဗျာ"
နွမ်းခါး နားခိုဖူးသော ထိုကျောပြင်သည် တစ်ပါးသူ၏ အပိုင် ဖြစ်နေခဲ့သည်။ ကျောက်တုံးငယ်လေးများကို အားမပါစွာ ကန်ကျောက်ရင်း နွမ်းခါးသည် တိတ်ဆိတ်ခြင်းကိုသာ မျက်နှာဖုံးအနေဖြင့် သုံးလိုက်သည်။ ထို့နောက်တွင်တော့ အကြောင်းအမျိုးမျိုးပြကာ တောင်တက်ခြင်းအမှုကို နွမ်းခါး မပြုလုပ်တော့ပေ။
"နွမ်းခါး မေဂျာမှာ ညီလေး ဘောလုံး ၀င်ကန်မှာလား"
ဘောလုံးပွဲ ရာသီ ရောက်လာပြီမို့ အကိုတွေက မေဂျာတူ တစ်သင်းကန်ရမည် ဖြစ်ကြောင်း နွမ်းခါးကို လင်းသူရက ပြောပြလာသည်။
"မကန်ပါဘူး ကိုလင်းရယ် ကျွန်တော် ဘောလုံးကစားတာ မတော်ဘူး"
"ဟုတ်လား အကိုတို့က မနက်ဆို အစောကြီး ထပြီး ထရိန်နင် ဆင်းရမယ် ညီလေးရ ပျင်းရင် လိုက်ခဲ့လေ အေးတော့အေးတယ်"
"ဟုတ် လိုက်ခဲ့မယ်လေ ကိုလင်း ကျွန်တော်လည်း လှုပ်လှုပ်ရှားရှား လုပ်လို့ရသွားတာပေါ့"
ထိုအခါ ခွဲခြားက နွမ်းခါးဘေးကို လာထိုင်ကာ
"တောင်တက်မယ်ဆိုတော့ အေးလို့ အိပ်ချင်လို့ဆို အခုကျတော့ လှုပ်လှုပ်ရှားရှား လုပ်ချင်တယ်ပေါ့"
"ကျွန်တော်က အကိုနဲ့အမအတွက် ရိုမန်တစ်ဆန်ဆန် အချိန်လေးတွေ ပိုပေးချင်လို့ပါနော် Third wheel ဖြစ်ရတာ ဘယ်လောက်ဆိုးတယ် ထင်လဲ ကျွန်တော် ရည်းစားရမှ ပြန်လိုက်မယ် ဒါပဲ"
YOU ARE READING
1. Close to... You (မင်းနဲ့နီးဖို့) Completed
RomanceLove is painful but still do it