P 29

45.6K 4.2K 373
                                    

အတိတ်ဆိုးကလည်း ပြန်တမ်းတဖွယ်ကောင်းရင် အမှတ်တရပါတဲ့။ အခု ကျွန်တော့အတွက် သူ့အပြုအမူတစ်ခုချင်းစီတိုင်းက အမှတ်ရစရာပါပဲ။
အသားဖြူဖြူနှင့် မပိန်လွန်းမ၀လွန်းသော ကောင်လေးက ယှဉ်ရပ်လိုက်လျှင် ကျွန်တော့ ပခုံးသာသာပဲရှိမည်။ ပြုံးလိုက်လျှင် ပေါ်လာတတ်သည့် နှုတ်ခမ်းဘေးစွန်းနှစ်ဖက်က အချိုင့်လေးတွေရယ် ဆံပင်အုပ်အုပ်ထူထူလေးတွေရယ်။ ကလေးနံ့လေးအမြဲရနေတဲ့ ခန္ဓာကိုယ်‌လေးရယ် ။ ပြီးတော့ ကျွန်တော်သဘောအကျဆုံး မျက်၀န်းညိုညိုတွေရယ်။ မြန်မာမဆန် ဗိုလ်မဆန်သော ချစ်ဖို့ကောင်းသည့် မျက်နှာလေးရယ်ကြောင့် ထိုကောင်လေးကို ဘယ်မေ့ရက်နိုင်ပါ့မလဲ။ ဒီတစ်ခါမညာကြေးဆိုရင်တော့

"မင်းကို လွမ်းတယ် နွမ်းခါးရယ်"

ရုံးခန်းထဲကခုံပေါ်တွင် ထိုင်ရင်း ထိုကောင်လေးအတွက် စကားတစ်ခွန်းကို တိုးတိုးဆိုမိသည်။
ဒီနေ့နဲ့ဆို မတွေ့ရတာ တစ်ပတ်ပြည့်ပြီ။ နေရောကောင်းရဲ့လား အိပ်ချိန်ရောပုံမှန်ရှိရဲ့လား အစားရော မှန်မှန်စားရဲ့လားလို့ တွေးပူမိပေမယ့် ကောင်လေးက ‌ဖျားနာလွယ်သောသူမဟုတ်သလို တွေ့ရာနေရာတွင်လည်း အိပ်တတ်သည်။ စားလို့ရသမျှ အစားအစာလည်း အကုန်စားသည် ဂျီးများခြင်းလည်းမရှိ။ ဒါကိုတွေးမိတော့ ပူစရာမရှိ ကြံဖန်ပူနေသည့် ကိုယ့်ကိုယ်ကိုပဲ ရယ်ချင်သည်။

ခွဲခြား အလုပ်တွေပုံနေသော်လည်း လုပ်ချင်စိတ်မရှိ။ စာရင်းစစ်စရာရှိတာတွေ ပုံနေရသည်မှာ ရခိုင်ပြည်သို့ ခြေဆန့်ခဲ့ခြင်း၏ ဘေးထွက် ဆိုးကျိုးပင်။ မလုပ်လို့ကလည်း မဖြစ်တာကြောင့် စာရင်းစစ်ရန် laptopရှေ့တွင် ထိုင်လိုက်စဉ်

"‌ဪ memory stickက ကားထဲမှာပဲ"

ရခိုင်ထိကို ပါလာသည့် stickကိုပင် မေ့နေမိသည်။ ကားအရှေ့ boxထဲကို ဖွင့်လိုက်တော့ စီစီရီရီ ထည့်ထားသော ခွဲခြားသုံးလေ့ရှိသည့် ပစ္စည်းများအပြင် stickတစ်ခုရယ် စာရွက်အခေါက်လေးတစ်ရွက်ရယ်ကို တွေ့ရသည်။

"ငါကဘာလို့ ဒီစာရွက်ကို သိမ်းထားတာလဲ"

ထိုစာရွက်က ကားပေါ်ဘာကြောင့်ရောက်နေမှန်း ခွဲခြားမသိတာကြောင့် စာရွက်ကို ဖြေကြည့်လိုက်တော့ သို့နဲ့စ၍ နွမ်းခါးရာရ်ဇင်ဟု အမည်ဖော်သည်။ စာထဲရှိအကြောင်းအရာများကို ဖတ်ပြီးသည့်နောက်တွင်တော့ ခွဲခြားသည် အိမ်သို့မပြန်နိုင် စာရင်းဇယားများ ကားပေါ်တင်ကာ နေပြည်တော် မန္တလေး အမြန်လမ်းမပေါ်တွင် ကားတစ်စီးနှင့် ခရီးနှင်ခဲ့ရတော့သည်။
ငါးနာရီခရီးဟာ စိတ်ဆောင်လို့လားမသိ ခဏလေးသာ ကြာမြင့်သည်။ နေပြည်တော်သို့ ညဘက်ကြီး ရောက်သွားတာကြောင့် Hotel Zoneတွင်သာ ၀င်နား၍ တစ်ညအိပ်ရန် ဆုံးဖြတ်ရသည်။ ပြီးမှ နွမ်းခါး၏ လိပ်စာရော ဖုန်းနံပါတ်ပါ မိမိမှာ မရှိတာ သတိရသွားပြီး ကျော်ဇောဆီသို့ ဖုန်း‌ဆက်မေးရသေးသည်။

1. Close to... You (မင်းနဲ့နီးဖို့) CompletedWhere stories live. Discover now