AUDACITY

913 73 127
                                    

" အချစ်? "

စာရေးသူ၏အမှာစာ

ဒါတွေဟာ စာတွေလားမသေချာ
တကယ်လို့ စာတွေသာဆိုရင်တော့
ဝမ်းနည်းစွာနဲ့ ဒီစာတွေဟာ စာဖတ်သူအပေါင်းတို့ကို
ရည်ညွှန်းတာမဟုတ်ကြောင်း အသိပေးအပ်ပါတယ်

ဒီ ရူးကြောင်ကြောင်နိုင်မှုတွေဟာ
ကျွန်တော့်စာတွေကို မဖတ်မယ့် လက်တွေ့ကျသူ
လူသား တစ်ဦးဆီ
တည့်တည့်မတ်မတ် ဦးတည်ပါတယ်

---

စာမျက်နှာ-

ကျေးဇူးပြုပြီး စာမျက်နှာ-၂၇ ဆီသွားပေးပါ

-
-
-
-

စာမျက်နှာ-၂၇

စိတ်ကူး နဲ့ လက်တွေ့ ထဲက ကောင်ကလေး
ရည်မှန်းချက်အပြည့်နဲ့ ဘဝမှာ အောင်မြင်မှုအပြည့်

ညကိုးနာရီတိုင်း ဖန်သားပြင်မှာ
ကျွန်တော် အအိပ်ပျက်အစားပျက်အလုပ်ပျက်
ထိုင်စောင့်ရတဲ့ ကောင်ကလေး..

ကျွန်တော့်ကိုဆို နောက်ကွယ်မှာ လူ့ဂွစာ ရယ်လို့
မျက်မှောင်တွေတွန့် ချစ်စနိုးခေါ်တတ်တဲ့
ဖြစ်တည်မှုလေး..

ဟုတ်ပါတယ်
ကျွန်တော် ဘတ်ခ်ချန်းယောလ် ကို ချစ်နေမိတာ
သုံးနှစ်ပြည့်ခဲ့ပါပြီ

မရှင်းတာလေးများပါလာခဲ့ရင်
ဖုန်းဆက်ပြီး ကိုယ့်ကိုမေးပါ ကောင်လေး
01 2014 0515

" တောတ်.. "

ထိုးတက်လာသော ခေါင်းကိုက်မှုနဲ့အတူ
Chanyeol နောက်ပါလန်ကျမိမလို
ဖြစ်သွားရသည်

ဒီပြဿနာ ဘယ်ကစလဲ ဆိုရင်
လွန်ခဲ့တဲ့ သုံးနှစ် Chanyeol သတင်းထောက်ဘဝကနေ
KBS ရုပ်သံရဲ့ ကိုးနာရီ သတင်းကြေညာသူစဖြစ်ကာစ

လွန်ခဲ့သော သုံးနှစ် -

Park Chanyeol
သတင်းကြေညာသူ ဆိုတဲ့ ဝန်ထမ်းကတ်ပြားလေးကိုသာ
ကြည့်ရင်း Chanyeol ပြုံးနေမိတာမရပ်နိုင်
သူ့ရည်မှန်းချက်တွေတကယ်ဖြစ်လာပြီမဟုတ်လား

Glory Où les histoires vivent. Découvrez maintenant