Part-13

1.4K 126 0
                                    

(Zawgyi)
နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(13)

***ရှင်သန်ပေါက်ဖွားလာတဲ့ ချစ်ခြင်းမေတ္တာနှင့်နှလုံးသားတစ်စုံ***

….ချိုင်ယွီကိုတန်ပြန်မော့ကြည့်တဲ့ မိုရမ့်မျက်ဝန်းထဲကဒေါသမီးက သေစေလောင်ကျွမ်းနိုင်သောမီးတောက်ဆိုပါက ချိုင်ယွီတစ်ယောက်နေရာတင် မီးဟုန်းဟုန်းစွဲလောင်နေပေပြီ….သို့သော်ငြားလဲ ယခုမူ မိုရမ်တစ်ယောက် ဘယ်ဖက်ခြေထောက်မှာ ပျော့ခွေကျ၍ ထက်ပိုင်းကျိုးအနေထားနှင့် ပြီးတော့ သူ့နားမှာသူ့လက်ကိုအတင်းဆုပ်ကိုင်ကာ ငိုရှိုက်နေတဲ့ချစ်ရသောသူ အရာအားလုံးကိုစိတ်ထင်တိုင်းမကျဲပစ်သေးတာက သူချစ်သောသူကိုထိခိုက်မည်စိုး၍ဆိုတာ ချိုင်ယွီလဲရိပ်မိလောက်သည်….

“အဟင်းး…ဟားးး….မိုရမ်..မိုရမ်…ခင်ဗျားအခုထိ မာန်ကတော့မလျော့သေးဘူးနော်…အင်းပေါ့လေ အလွယ်တကူအညံ့ခံရင် ရေခဲဘုရင်မိုရမ်ဘယ်ဟုတ်တော့မလဲ….ကစားပွဲလေးက အခုမှစတာပေါ့….” 
….ချိုင်ယွီတစ်ယောက်ကတော့ မိုရမ်မျက်နှာကို စေ့စေ့ကြည့်ကာလှောင်ထေ့ရယ်ခွင့်ရနေခြင်းက အကောင်းမွန်ဆုံးယမကာ တစ်ခွက်ကိုစိမ်ပြေနပြေသောက်နေရသကဲ့သို့ပင်….သက်တူရွယ်တူထဲမှာ သူကတော့နတ်ဆိုးလို့အမည်တွင်ပြီး ဆူးခက်တောထဲမှာပဲနေရသည်…ယခင်က သူနှင့်ဆရာတူ လက်ရည်တူ နယ်မြေအပိုင်စားမခွဲခင်အထိ မိုရမ်နဲ့သူကခင်မင်ရင်းနှီးခဲ့သည်…လက်ရုံးရည်ပြိုင်ပွဲမှာ မဆိုသလောက်အရေးနိမ့်သွားပြီး အားလုံးရဲ့လှောင်ပြောင်မှု့နှင့်အတူ မိုရမ်ကရေခဲဘုရင်ဘွဲ့နှင့်အတူ ထည်ဝါတောက်ပတဲ့နန်းဆောင်တွေနဲ့ ခမ်းနားစွာချီးမြှောက်ခံရချိန် သူကတော့ မိုရမ်ကို့ရှုံးနိမ့်သွားလို့ မိုရမ်မလိုချင်သော ဆူးခက်သစ်တောကိုအပိုင်စားပေးခံရသည်…မလိုမုန်းတီးချင်းကဘယ်ကနေအစပျိုးခဲ့လဲ မသိပေမယ့် နှစ်ဦးသားထိပ်တိုက်တွေ့တိုင်း သူ့ထက် လက်ရုံးရည်နဲ့ကြမ်းကြုတ်ရက်စက်ခြင်းမှာ နှာတစ်ဖျားအမြဲသာသော မိုရမ်ကိုသူအမြဲရှုံးသည်….အမုန်းကြီးမုန်းရသည့်အထဲ ညီမငယ်သေဆုံးတာမိုရမ်ဓားချက်ကြောင့်မှန်းသိတော့ တွေ့သည့်နေရာအသေသတ်ချင်သည့်စိတ်က ချွန်းအုပ်လို့မရတော့…ယခုတော့အမုန်းနဲ့အတူ ညီမငယ်အတွက်ပါသူလက်စားချေနိုင်တော့မည်……

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Where stories live. Discover now