Part-20

1.1K 113 1
                                    

(Zawgyi)
 
**ဆေးမှုန့်တွေကြားမှ သံယောဇဉ်လက်ကျန်များကိုနှိုးဆွပေးခြင်း**

“ဖလပ်….ဖလပ်….”
….တောင်ပံခတ်သံတဖျတ်ဖျတ်နဲ့ တဖြည်းဖြည်းနိမ့်ဆင်းဝပ်ပေးရှာတဲ့ ရှီရာ့ကျောပေါ်ကနေ ငွေရောင်ဖျော့ဖျော့ပိုးဖိနပ်စွပ်လျက်သား ခြေတစ်စုံဆင်းသက်လာသည်….ထိုသူကတော့ ကြာပန်းသခင်လေး ဝမ်ရိပေါ်ပင်……

“ရှီရာ….ငါတို့အဆင်ပြေပါ့မလား….သူ့ဆီကရော ဆေးတောင်းလို့ရပါ့မလား….”
…ဆူးခက်သစ်တောအဝင်ဝမှာခြေစုံရပ်ကာ အတွင်းပိုင်းကို စိတ်လှုပ်ရှားစွာ သူလှမ်းကြည့်နေမိကာ…အတွေးတွေကလဲ ယောက်ယက်ခတ်နေသည်….လာသာ လာခဲ့ရတာ စိတ်ကတော့ စိုးတထိတ်ထိတ်ပင်….ကျန်ဒဏ်ရာများက သက်သာသလောက်ဖြစ်နေပေမယ့် ချိုင်ယွီရဲ့ ဓားဒဏ်ရာများကတော့ ယခုထိမသက်သာပေ….အမည်းရောင်ဖက်သို့ပြောင်းကာ သွေးကြောတောက်လျောက် ပြန့်လာနေချေပြီ…..ဘေးမှရှီရာကတော့ သူ့စကားကို အမြီးတွေလှုပ်စိစိ လုပ်ကာသူနားထောင်နေကြောင်းအချက်ပြသည်….

“မင်း ဒီမှာပဲနေခဲ့နော်…အတွင်းကို ငါပဲသွားမယ်….နေဝင်ပြီး အစောဆုံးလထွက်လာလို့မှ ငါပြန်မလာတော့ရင် ရေခဲနန်းဆောင်ကိုပြန်တော့နော်….”

“ဖလပ်..ဖလပ်…ရှပ်…”
….ရှီရာက အမွှေးတွေကိုဖြန့်ကာ ဝမ်ရိပေါ်ဝတ်ရုံစကို နှုတ်သီးဖျားနဲ့ကိုက်ကာ လှုပ်ခါပြသည်….သဘောကတော့ သူသဘောမတူဘူးဆိုသည့် ပုံစံပင်…ခြေအစုံကလဲ မြေပြင်ကို ယက်ထုတ်ကာမြေစိုင်များကို တဖွားဖွားလွင့်အောင် လုပ်နေပြန်သည်…ဂနာမငြိမ်တဲ့ပုံစံနဲ့ရှီရာ့အသွင်က စိတ်မချဟန်ကိုဖော်ပြနေသကဲ့သို့ပင်…..

“အဲ့လိုမလုပ်ရဘူးလေ….မင်းအဲ့လိုလုပ်ပြနေရင် ငါကဘယ်လိုစိတ်နဲ့ချိုင်ယွီဆီသွားရတော့မှာလဲ….ရှီရာ မင်းသိလား…ငါ့စိတ်ကူးထဲမှာလေ မိုရမ်ပြန်သက်သာလာရင်…..ဒီလူကြီးဘယ်လောက်တောင် ငါ့အပေါ်ဆိုးမလဲဆိုတာကို တွေးပြီးသူ့ကိုနေမြန်မြန်ကောင်းလာစေချင်ပြီ…..သူ ငါရဲ့လက်ကိုကိုင်ပြီး လက်ထပ်မင်္ဂလာ မလုပ်ဘူးဆိုရင်တောင် သူ့အနားမှာအတူရပ်နေရရင်ကို ငါကကျေနပ်နေတာ…မင်းရော မိုရမ်နေပြန်ကောင်းလာတာကို မျှော်လင့်နေတယ်မလား….မင်းသာမစိုးရိမ်ရင် ငါ့ကို နေရဉ္စရာ တိုင်းပြည်ထိဘယ်လာခေါ်ပါ့မလဲ….မဟုတ်ဘူးလား ဒါကြောင့် မဆိုးနဲ့တော့နော်….ငါလဲ အချိန်သိပ်မရှိဘူး…ငါပျောက်နေတာ မိုရမ်သိသွားရင် သူငြိမ်နေမှာမဟုတ်ဘူး….အိပ်ပျော်စေတဲ့ဆေးကို ထည့်တိုက်ထားပေမယ့် အချိန်ကြာကြီးဆွဲထားလို့ရမှာ မဟုတ်လောက်ဘူး….ငါသွားတော့မယ် မှာတာကိုမမေ့နဲ့….လထွက်လာလို့မှ ငါပြန်မလာရင် ဒီနေရာကနေပြန်တော့……”

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Where stories live. Discover now