Part-17

1.2K 127 8
                                    

(Zawgyi)
နှောင်ဖွဲ့လေသောသစ္စာ (သို့မဟုတ်)ကျိန်စာ
Part(17)
***💞💞💞***

“အာ….နေဦး…နေဦး…ငါတော်တော်ရှုပ်ထွေးနေပြီ…မိုရမ်ပြောတော့ သူကမင်းကို အတင်းအားဓမ္မခိုးတာဆို….အခုမင်းပြောတော့ လိုလိုလားလားနဲ့အိပ်…အဲ…အတူနေပြီးတယ်ဆိုတော့ ငါကအရေးယူတာကိုဘယ်လိုလုပ်ရမလဲ…..ဒါဆိုအပြစ်ပေး အရေးယူတာကိုခေတ္တဆိုင်းငံ့ထားရတော့မှာပေါ့….ဟူး…မင်းတို့နှစ်ယောက်နဲ့ငါတော့ စဉ်းစားရတာတောင်ကြပ်လာပြီ….”
…..ဧကရာဇ်မှာ ခေါင်းတရမ်းရမ်းခါရင်း သူ့ရှေ့က ဒူးထောက်ရက်သား နှစ်ယောက်ကိုသာ စိတ်ရှုပ်ထွေးစွာကြည့်မိတော့တယ်….တစ်ယောက်ကသတိမကပ်သလိုပုံနဲ့ နောက်တစ်ယောက်ကျထိုသူကိုဖက်ပြီး အသံတိတ်ငိုနေလေရဲ့…..

“ဝမ်ရိပေါ်….!!!!...မင်း…မင်းင့ါကိုအရှက်ရအောင်လုပ်တယ်…မင်းငါ့ကို မယ်တော်လို့နောက်ထပ်မခေါ်နဲ့…..မင်းလိုအရှက်ရစေတဲ့သားမျိုးငါ့မှာ မရှိတော့ဘူး….” ဝမ်မိဖုရားမှာ သားဖြစ်သူကို ဒေါသတကြီးအော်ဟစ်ခေါ်ရင်း အသံတွေတုန်ယင်စွာနဲ့ပြောပြီးနောက်ချာကနဲလှည့်ထွက်သွားတော့သည်….သို့သော်လဲသူမ မျက်နှာမှာမျက်ရည်တွေနဲ့ပင်…….

“မယ်တော်…အင့်…” မယ်တော်ကတော့ သူ့ကိုတစ်ချက်မှလှည့်မကြည့်တော့ပေ…ခွင့်လွှတ်ပါမယ်တော် လောလောဆယ်အသက်ရှင်ဖို့လိုနေတဲ့သူကို ကယ်ဖို့လိုအပ်နေလို့ပါ…ပြီးတော့သားတော် သူ့ကိုချစ်တယ်….

“မင်းကူညီပေးတာကိုတော့ ကျေးဇူးတင်ပါတယ်…ဒါပေမယ့် မင်းကိုတော့ငါသဘောမကျဘူး….မင်းကိုငါ့သားတော်အနားမှာ လက်မခံနိုင်ဘူးကြာပန်းသခင်….မိုရမ်မှာလက်ဆက်ပေးမယ့်သူ သက်သက်ရှိပြီးသားပဲ…အခုတော့မင်းရဲ့တိုင်းပြည်ကိုလဲ မင်းပြန်လို့မရသေးဘူးဆိုတော့ မင်းဒီမှာနေချင်ရင်နေဦးပေါ့….အားလုံးအေးဆေးသွားရင်တော့မင်းရဲ့တိုင်းပြည်ကို မင်းပြန်ပါ…..”
....ရှီလာအရှင်မှာ သူပြောသောစကားတွေကို တစ်ခွန်းတုံ့ပြန်ဖြေကြားခြင်းမပြုပဲ အရိုသေပေးဟန် ဦးခေါင်းညွှတ်ပြသူကို တစ်ချက်ကြည့်ရင်း သားဖြစ်သူကို နန်းဆောင်ပြန်ပို့ဖို့နဲ့ကုသဖို့ စီစဉ်ရတော့သည်…..

နှောင်ဖွဲ့လေသောသစ္စာ(OR)ကျိန်စာ (Complete)Where stories live. Discover now